Professional Authors

အချစ် = နာမည်ကြီးထမင်းငတ်

အချစ်ဟာ ထင်သလောက်တော့
မခမ်းနားခဲ့ဘူး …
မွမ်းမံခဲ့သမျှ သဲရေကျ
(အပေါစားပစ္စည်းတစ်ခုလို)
မူလတန်ဖိုးထက်သာကျော်သွား
ပိုထူးကောင်းမလာခဲ့ပါလား …
အရည်အသွေးမမှီတဲ့ အချစ်မှာ
ခေါင်းကိုက်ရ … 
အော် ခါးပါဘိ 
ဘ၀ပျက်နေတဲ့ အချစ်စုတ်ရေ …
မင်းကို
ငါမယုံတော့ဘူးကွဲ့ …
ခြိမ်းသာခြိမ်းပြီးမရွာတဲ့ မိုးလို
နာမည်ကြီးလှတဲ့မင်းက
တကယ်တမ်းတော့ … 
အလကားပါလားကွယ် …
.
(အသဲကျော်)
In: ကဗျာ Posted By: Date: Jun 9, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment