Professional Authors

မိန်းကလေး……….သို့

 

မိန်းကလေး………သို့

ရင်ခုန်စွာ

 စောင့်မျှော်နေတဲ့

အနမ်းက

အဆိပ်သင့်နေတဲ့

နှုတ်ခမ်းကဆိုတော့

ချစ်ကတဲ့

ဒီလူ့ရင်မှာ

ဝေဒနာတွေနဲ့ လုံးပန်းနေချေရဲ့…..။

ချစ်ရတဲ့  ဒီလူမှာလေ

ခံရခက်လှချေရဲ့…။

မည်သူသည်

မည်သို့ပင်

ကြောက်ဖို့ကောင်းပါစေ

မည်သို့ပင်

အဆိပ်ပြင်းပါစေ….။

အချစ်ဆိုတာ ဟာ

သွားကြားထိုးတံမှ

မဟုတ်တာ

ချစ် ချင်တိုင်းချစ်

ပစ် ချင်တိုင်းပစ်လို့လည်း

မရဘူးလေ….။

ကိုယ်နှလုံးလှေ ကိုယ်ထိုး

ရင်ဘတ်နှစ်ခြမ်း ကတော့

 ဗျန်းဗျန်းကွဲ ပေါ့…..။

မိုက်မဲ တာမဟုတ်ရပါဘူး

ချစ်လွန်းလို့ပါ

ကြင်နာလွန်းလို့ပါ

မြတ်နိုးလွန်းလို့ပါ…..။

In: ကဗျာ Posted By: Date: Oct 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment