Professional Authors

အဆိပ်တက် ည

ဝေးကွာလွန်းခြင်းရဲ့
နောက်ဆက်တွဲဟာ
အောင့်မေ့တသခြင်းနဲ့
မျက်ရည်စတွေ
ရှိုက်ကြီးတငင်ကွဲကြေ
အဲသည်လို
တစ်ဦးထဲအထီးကျန်တဲ့
အရှင်လတ်လတ်ညတွေက
အရမ်းမှောင်လွန်းတယ်

ဘယ်လိုပြောရမလဲဆိုရင်

တစ်ယောက်တစ်က္ဘာလို့ထင်ခဲ့
အကြင်နာဆိုတာက
အထီးကျန်ခြင်းလား
ဘယ်လိုမှအိပ်မရပဲ
မိုးလင်းသွားရတဲ့ ညလား
ဒါမှမဟုတ်
ငါလွမ်းနေကြ ညီမလေးရဲ့
ပန်းနုရောင်နှုတ်ခမ်းပါးလေးလား

အိပ်မက်တွေ
တွန့်ကြေပြီးရင်းတွန့်ကြေ
အစွဲအလန်းတွေ
အညိုအမဲစွဲရင်း
ရင်ခုန်သံဖရိုဖရဲနဲ့ ချစ်ခြင်းမေတ္တာက
ညီမလေးရဲ့ မျက်ဝန်းလေးလို
တောက်ပလှလွန်းတော့
ငါတစ်ယောက်ထဲ
အချစ်ဆိပ်တက်တဲ့ ညက
ပို
ရှည်
သွား
တယ် .. . ။

In: ကဗျာ Posted By: Date: Jun 7, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment