““လွမ်းတမ်းတတယ်…..ခိုင်““
ကြည်သာချမ်းမြေ့
ပန်းနုရောင်တွေများ
ရင်မှာ အမှတ်တရ လွမ်းမောလို့နေဆဲ
ကြယ်များလွင်ကြွေ
မြင်သာ တို့ ဝေး..
လွမ်းတမ်းတတယ်  ခိုင်…။
သာယာ ကြည်နူးတဲ့
ချစ်ပန်း ပွင်ချိန်များ
အစဉ်သာ သတိရ ဖြေသိပ်လို့နေဆဲ
အမှောင်ည ရက်ရှည်
ကြင်နာသူ ဝေး…
လွမ်းတမ်းတတယ်  ခိုင်…။
နွဲ့ယိမ်းနွဲ့ယိုင်
တွယ်တာရစ် သမုဒယမဏ္ဍိုင်
တွေဝေကာ မစွန့်စား ခဲ့ပြီလား..။
လျောက်လှမ်းရမယ့် 
ဒီဘဝခရီးလမ်းမှာ
ယုံကြည်စွာ လက်တွဲဝံ့ပြီလား..။
မြစိမ်းလဲ့   ခိုင်..
ရွှေရည်သွေး မုန်းမေ့နိုင်
ချိုကြည်စွာ ပွင့်လန်းခဲ့ပြီလား…။
အတူလှမ်းဆက်မဲ့
ချစ်ခရီး လမ်းထက်မှာ
မှုန်ရီဝေ ပြတ်သားခဲ့ပြီလား…။
ကြင်နာယုယ
 နွေးထွေးမယ့် အချိန်များ
 မျှော်ရည်မှန်းဆ စိတ်ကူးဖွဲ့တည်ဆဲ
 ရင်လှိုင်း ခတ်နေ
 ပိုင်လာရင်  ဆွေး…
လွမ်းတမ်းတတယ် ခိုင်…။   ။
Comment #2
အားပေးသွားတယ်..။
 By: မိုးဆွေ at Jun 17, 2011
                        By: မိုးဆွေ at Jun 17, 2011
                    Comment #3
အားပေးလိုက်ပါတယ်
 By: နတ်ဆိုးလေး at Jun 17, 2011
                        By: နတ်ဆိုးလေး at Jun 17, 2011
                    Comment #7
မောင်လေးရဲ့ ခိုင်ကို အမ မနာလိုတောင်ဖြစ်မိနေပြီနော့…
အရမ်းကောင်းပါတရ်… ဒါလေးက ခက်လည်းခက်တရ်.. အရမ်းလည်းကောင်းတရ်…
အားလုံး..အားလုံးထက် ကောင်းတဲ့ကဗျာလေးတစ်ခုလို့
အမအသိအမှတ်ပြုခဲ့တရ်နော်..
 By: sandi at Jun 27, 2011
                        By: sandi at Jun 27, 2011
                    Comment #9
အားပေးသွားပါတယ် အစ်ကိုရေ ကျွန်တော့ခံစားချက်တွေနဲ့ တစ်ထပ်တည်းကြနေသလိုပါပဲ …….ခိုင်ဆိုတဲ့ နာမည်းကလည်းတူနေတော့ တော်တော်လေးကို ခံစားမိပါတယ် ကျေးဇူးပါ အစ်ကို…..
 By: koko latt at Apr 23, 2012
                        By: koko latt at Apr 23, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
လွမ်းတမ်းတတယ် ခိုင်…။ ။