Professional Authors

ရွက်ကြွေ

ညီမလေး
မင်းက ခပ်နက်နက်ညရဲ့
ကောင်းကင်ထက်က လမင်းလေးလို
ကိုယ့်အကြင်နာလက်တွေ
ဆန့်တန်းလို့မမှီ

ကိုယ့်ရဲ့
တစ်ကိုယ်တော်မျှော်ငေးမှုမှာ
အကြင်နာတွေ တစ်လှပ်လှပ်နဲ့
ကိုယ့်ရင်ဘတ်က
ငှက်တစ်အုပ်လိုထပျံတယ်

တကယ်တော့
ဖွာကနဲလွင့်စင်သွားတဲ့ ကိုယ့်အချစ်က
ပန်းချီဆရာတွေ ဖမ်းမမိတဲ့
 အရောင်တွေလိုမျိုး

တစ်ကိုယ်ရေ
လွမ်းဆွေးတမ်းတရင်းနဲ့
ပြီးဆုံးခဲ့ရတဲ့ အထီးကျန်ညများ
ရေတွက်ကြည့်တော့
ကိုယ့်ရင်ဘတ်ထဲက အလွမ်းတွေဟာ
တောတန်းထဲက သစ်ပင်လိုမျိုး
စိမ်းလန်းလို့

ရင်သိမ့်တုန်ရတဲ့
ကိုယ့်အိပ်မက်ညပြီးဆုံးသွားတဲ့ မနက်
ကိုယ့်အချစ်သစ်ရွက်လေးတွေလဲ
တစ်ဖွဲဖွဲကြွေလွင့်ကုန်ပါရော .. . ။

In: ကဗျာ Posted By: Date: May 27, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment