Professional Authors

တစ်နှစ်တစ်လတစ်ရက် မှသည်…..

တစ်နှစ်တစ်လတစ်ရက်
သတိရဖို့ခဏလောက်ပျက်ခဲ့ရင်
ငါ့အသိဥာဏ်တွေဖျောက်ဖျက်ပစ်လိုက်မယ်………..
ဘေးစကားတွေရဲ့ကြား.
ဆက်ချစ်ဖို့အတွေးမှားခဲ့ရင်
ငါ့ရင်ခုန်သံတွေကို ရပ်တန့်ပစ်လိုက်မယ်………..
တံတိုင်းတွေကာရန်နေလို့
ရှေ့ဆက်ဖို့တွေဝေမိခဲ့ရင်
ငါ့အသွေးအသားတွေကို မြေမြှုပ်ပစ်လိုက်မယ်………..
မိုင်တွေဘယ်လောက်ခြားထားထား
ငါ့အနားမှာမင်းရှိတယ်…..
ဘယ်သူတွေဘယ်လိုဖျက်ဖျက်
ရင်ခုန်သံချင်းထပ် ရှေ့ဆက်ကြမယ်…..
ဘယ်လောက်ဝေးဝေး ဘာတွေဖြစ်ဖြစ်
ဘယ်သူတွေဘယ်လိုတားတား ဘာတွေဘယ်လိုခြားနားနေပါစေ
ယုံကြည်နေပါ…..
ငါ့ရဲ့အချစ်တွေရပ်တန့်မသွားဘူး……….
အတားအဆီးတွေကိုကျော်ဖြတ်
အတူဆုံကြရမယ့်ရက်ကိုမျှော်လင့်ရင်း…..
ငါကြိုးစားဆောက်တည်မယ်
မင်းတစ်ယောက်ရဲရင့်နိုင်ပါစေ……….။             ။

In: ကဗျာ Posted By: Date: Mar 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment