Professional Authors

သူမ မသိသော ဥတုများ

အကြည့်တစ်ချက် ထိခတ်တတ်လို့

ရွက်ဝါကြွေ နွေနေရွက်ကို

ဝှေ့ပါနဲ့ခင်။


ဒဏ်ရာတွေ ရံကာရှိတာမို့

ထစ်ချုံးမြည် ရင်ပြိုပြီပဲ

မိုးသည်းရှိုက်ငင်။


မြင်ရုံနဲ့ ရင်ခုန်ခက်သူကို

စေစားကာ နှင်လိုနှင်

မကြွေခင် မြေပြင်ထက်မှာပေါ့

အေးစက်တဲ့ ရင်ခုန်သံနဲ့

ဆောင်းရဲ့သခင်။

In: ကဗျာ Posted By: Date: May 19, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment