Professional Authors

ဆုတောင်းပေးတယ် သမီးရယ်

‘စနေ တနင်္ဂနွေ ကျောင်းအားရက်လေး စာကြည့်တိုက်မှာ လုပ်အားပေးဖို့’တဲ့…
တောင်းဆိုလှာတဲ့ ခလေး…
အသက်ကလေး တွက်မေးကြည့်တော့… ‘၁၂ နှစ်’

စင်္ကာပူမှာ ကြီးပေမဲ့
‘မြတ်သော မာတာ၊ အဒေါ်တွေ အပြုံးအားနဲ့
ဗမာစာ သင်ထုံး ၆ တန်း ဆုံးအောင် သင်ဘူးတယ်’တဲ့
ဦးလှ(လူထု) ပုံပြင်အစုစုကို တခုမကျန်
ဘယ်ဘုပ်အုပ်မှာ ဘယ်ပုံပါသတဲ့ ကျမ်းကုန်ညက်အောင်
ဒေါက်ဒေါက် ဒက်ဒက် ပြောတတ်နိုင်တဲ့ ခလေး…

မွေးမိမေ ရှမ်း၊ မြန်မာမွေးဖေ
စုလျားထွေရာက ကွာကြ ကွဲကြ ပြတ်စဲကြနဲ့
‘သမီးရဲ့ အမေ၊ ဒီအဖေနဲ့ လင်တကွဲမယားတခြား’တဲ့
ဘဝမှန်ကို အဟုတ် မတုန်မလှုပ် လက်ခံနေတဲ့ အသံလေး…
အိမ်တွင်းလောင်မီး မခံနိုင်အောင် ကြီးတဲ့ကြား
မွေးဖွားလာခဲ့ရတဲ့ ဒီခလေး…

‘မိတကွဲ၊ ဖမစုံ အားငယ်စရာ အဖုံဖုံကို စာဖတ်ရင်းနဲ့ ဖြေဖျက်မိတယ်’တဲ့
‘မိမစုံ၊ ဖတခြား ငတ်နေတဲ့ မေတ္တာတရားကို စာပေများကြားမှ ရှာဖွေမိတယ်’တဲ့

ကျောင်းအားရက်လေး စာကြည့်တိုက်မှာ လုပ်အားပေးဖို့
တောင်းဆိုလှာတဲ့ သမီးလေး…
မိဘအိမ်မှု အပူမီးအစုစုကို အလင်းရောင်လို အသုံးချတတ်တဲ့ သမီးလေး…
ငတ်နေတဲ့ မေတ္တာတရားကို စာပေများကြားမှ ရှာဖွေနေရတဲ့ သမီးလေး…
အသက် ကလေး ၁၂ နှစ်နဲ့ တော်လိုက်တဲ့ သမီးလေး…

အေးချမ်းပါစေ သမီးလေး…
ရှိခဲ့တဲ့ဝဋ်ကြွေး ဒီဘဝဒီမျှနဲ့ အေးပါစေ…
သမီးလေးရှာနေတဲ့
မေတ္တာ၊ ပညာ၊ အကြင်နာ
သမီးလေး ရှာလို့တွေ့ပါစေ…

 

(စာကြည့်တိုက်ကို စနေ တနင်္ဂနွေ နှစ်ပတ်လောက်ပဲ ရောက်လာနိုင်ပြီး နာမည်လေးတောင်မှ မသိလိုက်ရတဲ့
၁၂နှစ် အရွယ် သမီးလေး…
၁၂နှစ် အရွယ်လေးနဲ့ မလိုက်အောင် ရင့်ကျက်တည်ငြိမ်တဲ့ သမီးလေး… အတွက်)

 

 

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at Feb 27, 2012
Comment #2

I encourage to thameelay. Be try, you’l get success & happy.

commentinfo By: thida at Feb 27, 2012
Comment #3

လှလိုက်တဲ့ကဗျာလေး ဒီလောက်အရေးအဖွဲ့လှတဲ့ကဗျာမျိုးတစ်ခါမှမတွေ့ဖူးဘူး
ကိုကံ့ကော်မောင်အရေးအဖွဲ့က စာသလောက်ပါပေတယ်ဗျာ
အားပေးသွားပါတယ် ။

commentinfo By: X - ray at Feb 28, 2012
Comment #4

လေးစားပါတယ်………နောင်တခေတ်တွက်အဲ့လိုခလေးတွေအများကြီးလိုအပ်ပါတယ်…

commentinfo By: May Kha at Feb 28, 2012
Comment #5

ဆိုလိုရင်းလေးကောင်းတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment