Professional Authors

တမြေ့မြေ့

သတိရခြင်းမှာတွဲလဲခိုနေတဲ့

သူမရဲ့ဆံနွယ်တွေဟာ စီးကရက်မီးခိုးငွေ့လို

တစ်လွင့်လွင့်

 

သတိရခြင်းမှာ

တစ်ကိုယ်ရည်မျှော်လင့်ချက်များဟာ အငွေ့ပျံလွယ်ပြီး

ဖွာခနဲလွင့်စင်သွားတဲ့အိပ်မက်ဆိုးလို ငါတစ်ရေးနိုးတယ်

 

သတိရခြင်းမှာ နေ့စဉ်နဲ့အမျှ

စိတ်ကူးဟာအတွေးနဲ့တင် ရူးပြီးရင်းရူးလို့

 

သတိရခြင်းမှာ

လွယ်မယ်ထင်တာတွေ အလိုလိုခက်ပြီး

ခရေစိတွင်းကျသိနေတာတွေက ရေကြည်ကိုနှောက်

ခြေရာဖျောက်သွားကြ

 

သတိရခြင်းမှာ သူမရယ်သံဖွဖွဟာ

သတိရခြင်းကိုသတိရစေပြီး ငါ့ဝိညာဉ်ကို တစ်စစလှီးနေတဲ့

ဓါးတစ်လက်ပဲ

 

သတိရခြင်းမှာ

စိတ်ကူးတွေပြန်မထူးဖြစ်ခဲ့တဲ့ ဖုန်းခေါ်သံတွေမှာ

ရင်ခုန်သံတွေဟာ အထစ်ထစ်အငေါ့ငေါ့

ကြာတော့လဲ မှင်သက်လို့ ။

 

In: ကဗျာ Posted By: Date: Sep 2, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment