Professional Authors

အချိန်ကပေးတဲ့ အဖြေ

မျက်ရည်တွေ တွဲလဲခို …

မျက်ဝန်းမှာ ရွှဲရွှဲစို …

အဖြေက …

သဘောထားတွေ ကွဲလွဲလို့ … ။

ညီမျှခြင်းရဲ့ တစ်ဖက်ခြမ်းမှာ

ကိုယ့်လိုအဖြေ မထွက်မှန်းငါ

သေချာ သိခဲ့ပေမယ့်

အဖြေရှာ မကြည့်ခဲ့လေတော့

ခံစားရတာ သေတော့မယ် ။

ဒီလိုနဲ့ …

ကျောချင်းကပ်ပြီး လျှောက်လာခဲ့တာ

လမ်းတစ်ဝက် ရောက်တဲ့အခါမှ

‘ သူ ‘ များ နောက်လှည့်လာမလားဆိုတဲ့

အတွေးနဲ့ဆက် လျှောက်ခဲ့တာပါ ။

ကိုယ့်ကိုယ်ကို ကိုးစားခဲ့တာ

ရိုးသားတယ်လို့ မဆိုချင်ပေမယ့်

အချိန်ကပေးတဲ့ ဆိုးဝါးတဲ့အဖြေ

သူ့ကိုလှမ်းမြင်နေသေးတယ်

ဒါပေမယ့် ၀ိုးတ၀ါးနဲ့လေ … ။

In: ကဗျာ Posted By: Date: May 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment