Professional Authors

သူများဂရုစိုက်တာ ခံချင်တဲ့ကြယ်

ထွေးပိုက်ခံရနိုး မျှော်ကိုးပီး

ငါ . . . . .

အလင်းအစွန်းက ချောက်မှောင်မှောင်ထဲ အခါအခါ ခုန်ချဖူးတယ်

ကျေးဇူးပြုပီး ဖြေပေးပါ . . .

င့ါကို ဘယ်သူတွေမြင်ပါသလဲ

 

တစ်ဆိတ်

ငါကပဲ နေရာရွေးမှားတာလား

ချောက်ကပဲ သိပ်နက်နေတာလား

လူတွေကပဲ မအားလပ်တာလား

 . . . . လား

. . . . လား

. . . . လား။

 

နောက်တစ်ခေါက် ငါကမ်းပါးစွန် မှာရပ်နေပြန်ပီ

ဒီကနေ့ နေသာတယ်

တိမ်လဲ ရှင်းတယ် ကောင်းကင်ပြာတယ်

 

ဒီတစ်ခါ ခုန်ချပီး ငါတွယ်တက်လာရင်

ငါ့ကို တစ်ခါလောက်တော့

စိုးရိမ်တဲ့ မျက်ဝန်းနဲ့ ကြည့်ပေးပါ

ဘာတစ်ခွန်းမှ မပြောပါနဲ့

 

တစ်ခါလောက်တော့ စိုးရိမ်ပေးပါ

အခါခါ ခုန်ချရတာ ငါမောပန်းနာကျင်လွန်းလို့ပါ။

 

 

In: ကဗျာ Posted By: Date: May 14, 2012
Comment #1

ohhhhhhhhhh

commentinfo By: ei lay at May 14, 2012
Comment #2

ei lay ka dot thu myar tway ga u sike tar kyike bu,,
thu 1 yout hte ga u sike dar lo chin de,
🙂

commentinfo By: ei lay at May 14, 2012
Comment #3

ထွေးပိုက်ခံရနိုး မျှော်ကိုးပီး

ငါ . . . . .

အလင်းအစွန်းက ချောက်မှောင်မှောင်ထဲ အခါအခါ ခုန်ချဖူးတယ်

ကျေးဇူးပြုပီး ဖြေပေးပါ . . .

င့ါကို ဘယ်သူတွေမြင်ပါသလဲ

commentinfo By: khaingnay at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment