“မ မေ့ ပါ နဲ့”
ကြက်ခြေခတ်တွေမြင်တိုင်းမမေ့နဲ့
တချိန်က ခင်ဗျားကိုယ်တိုင်ကျေကျေနပ်နပ် ကိုယ့်ကိုကိုယ်ခတ်ဖူးတယ် အဲ့ဒီကြက်ခြေခတ်
မမေ့ပါနဲ့ အဲ့ဒီလက်ညှိုးတွေအတွက်
ဘေးနားရပ် ကမ်းမယ့်လက်ကို မင်းကိုယ်တိုင်တမ်းတဖူးတယ်
ရိုးရိုးလေးပဲ ခများတို့ကျတော်တို့ဆိုတာ
တခါတုန်းက ငယ်ငယ်လေးတွေ တစ်လှမ်းခြင်းဆက်ဖို့ကြိုးစားတိုင်း
ရှေ့မရောက်ခဲ့ဖူးတဲ့အခါ
ပြန်မြင်ကြည့်စမ်းပါ ခုခင်ဗျား မြင်နေရတာ တခါတုန်းက
ခင်ဗျားတို့ကျတော်တို့ဆိုတဲ့ ငယ်ငယ်လေးတွေပါပဲ
အနည်းဆုံးတချက်လောက်တော့ ပြုံးပြသင့်တယ်
ပြုတ်ကျဖူးတယ်ဟုတ်
ချော်ကျတယ်ပဲပြောပြော လဲကျတယ်ပဲဆိုဆို
ကိုယ့်အလှည့်ကထက်သူလည်းမလျော့အောင်နာလိမ့်မယ်
ခင်ဗျားမမေ့နဲ့ ကျုပ်တို့ခြင်းအတူတူ အနည်းဆုံးတော့သူလည်းပဲ 
ခုလဲကျနေရဲ့ ပြေးမထူတောင် . . . . 
ခင်ဗျားလည်း ချော်လဲဖူးပါတယ်လေ
တချက်တချက်ပေါ့ သတိရစမ်းပါဗျာ
အတူတူပါပဲ လူ ဆိုတဲ့ခေါင်းစဉ်တပ်
ကိုယ့်ကိုကိုယ်ပဲ ဘဝမမှတ်နဲ့ ခင်ဗျားကိုယ်တိုင်တချိန်ကသူတို့ပဲလေ မျက်နှာဖုံးတွေတပ်
ဝှက်ဓားတွေဆောင်ထားတတ်တိုင်း ရင့်ကျက်ပြီမထင်နဲ့
သူတို့လည်း လူပဲ ခင်ဗျား နားလည်ဖို့လိုတယ်ထင်ရဲ့ဗျာ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 