Professional Authors

အမှား

ငါတို့
မှားယွင်းခဲ့ကြပါတယ်
မှားစရာအဖုံဖုံကို
မှားနည်းအစုံစုံနဲ့ပေါ့ ။

လောကဆိုတာကိုက
သူဟန်နဲ့သူ့နည်း
အမှားကြီးကြီးတစ်ခုလို
ဖြစ်နေခဲ့ရလေရဲ့ ။

ငါတို့
မှားယွင်းနေကြဆဲပါပဲ
ဒါပေမယ့်
များလွန်းလှတဲ့ ဒီအမှား
သံသရာတွင်းနက်နက်တွေရဲ့ကြားမှာ
ရုန်းနိုင်ခဲကြလေတော့ ၊

အမှန်တွေဟာအမှားဖြစ်
အမှားတွေကအမှန်ဖြစ်
…….. အမှန်ဖြစ် …….
…….. အမှားဖြစ် …….
………………………..
………. အမှားဖြစ် …..
………. အမှန်ဖြစ် ……
………………………..
………………………..
အဲဒီလိုနဲ့
ဘ၀မှာ ……………….
ငါ ……………………..
နေသားကျခဲ့ပါပြီလေ ။           ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 3, 2012
Comment #1

ဟုတ်ပါတယ်ရှင့် .. မှားတာတွေက မှန်နေပြီး မှန်တာတွေကမှားလိုက်နှင့် လုံးလည်ချာလည်လိုက်နေတော့တာပါပဲ

commentinfo By: မေပျို at Dec 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment