Professional Authors

ဒီလမ်း၊ ဒီချစ်၊ ဒီလူ

ဒီလမ်းမှာဘဲ စောင့်နေဖို.
ငါ့ကိုပြောခဲ့တယ်။

စောင့်နေပါတယ်။
မျက်ရည်တဖြိုင်ဖြိုင်နဲ. စောင့်နေပါတယ်။

လမ်းဘေးက ညောင်ပင်ကြီးနဲ.အတူ
စောင့်နေပါတယ်။

လျှံထွက်နေတဲ့ အချစ်တွေနဲ.စောင့်နေပါတယ်။

ညောင်ပင်ပေါ်က ငှက်ကလေးတွေက
အားလျှော့ဖို. စိုးစိစိုးစိ ပြောနေပင်မဲ့
အားတင်းပြီး ငါစောင့်နေဆဲဘဲ။

ညောင်ပင်ကြီးနဲ.အပြိုင်
ငါ့ခြေဖ၀ါးမှာ အမြစ်တွယ်အောင် ငါစောင့်နေတယ်။

လေပြင်းတိုက်၊ မိုးရွာလည်း
နေ.နေ.ညည စောင့်နေတုန်းဘဲ။

အမှောင်ဆုံးလမ်းကနေ
အဝေးဆုံးကြယ်ကို
အမြဲတမ်း…………..
အမြဲတမ်း…………..
အမြဲတမ်း…………..
စောင့်မျှော်နေအုံးမယ်။

In: ကဗျာ Posted By: Date: May 19, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment