ကောင်မလေးဖတ်ဖို့နှလုံးသွေးနဲ့ရေးတဲ့ကဗျာ
ချစ်သူ……
သက်လုံမကောင်းတော့တဲ့ငါ့စိတ်ဟာ
ချောက်နက်အမှောင်မှာပဲလမ်းပျောက်နေတယ်
အလင်းရောင်ဆိုတာနတ္ထိ
မဟူရာကိုကျင့်သားရအောင်ကြိုးစားသင်ယူနေရတယ်
ခြေလှမ်းတိုင်းအရုပ်ကြိုးပြတ်လဲကျနေချိန်
မင်းရဲ့အပြုံးက
ငါ့ကိုပြန်မတ်တပ်ရပ်စေခဲ့တယ်….(တစ်ချိန်တုန်းကပါ)
ချစ်သူ…..
ငါအကြိမ်ကြိမ်သေဆုံးဖူးတဲ့ပါးချိုင့်အပြုံးမှာ
ခုတော့……
ဘလိတ်(Blade)ဓားပါးပါးတွေပဲ
ငါတွေ့နေရတယ်
အကြည့်တွေ Acid မိုးရွာနေတုန်း
(ရွာရန်ရာနှုန်းဘယ်လောက်တောင်များလဲ)
ချစ်သူ……
မင်းသတိထားမိရဲ့လား
ငါ့ရင်ဘတ်တစ်ခုလုံးက
ချုပ်ရာတွေ ဗရပွ နဲ့
ရေလဲပုဆိုးဖြစ်နေပြီ….
ချစ်သူ….
ဘ၀မှာအကောင်းဆုံးဆိုတာတွေ
ငါ့ဆီကိုခလုတ်မှားတိုက်ပြီးတောင်
ရောက်မလာဖူးပါဘူး
လိုချင်တာတွေမရတတ်တော့
ရတာလောက်ကိုပဲအကောင်းထင်
တော်တော်ဘ၀င်မြင့်နေတဲ့အရူးကောင်ပါ…
(မင်းသိရင်ရယ်နေလိမ့်မယ်)
ချစ်သူ….
ရက်ရက်စက်စက်ချစ်ဖူးတယ်…
နာနာကျင်ကျင်လည်းမုန်းဖူးတယ်…
ထိန်းထိန်းသိမ်းသိမ်းလည်းလွမ်းဖူးတယ်…
အဲ..ခုတော့
ပေါ့ပေါ့ပါးပါးမေ့တတ်အောင်ကြိုးစားနေတယ်…
အချစ်အတွက်တစ်ဖန်မွေးဖွားနိုင်သူတွေ
အချစ်ကိုဘုရားလိုကိုးကွယ်သူတွေ
သူတို့အလုပ်သူတို့လွတ်လွတ်လပ်လပ်လုပ်ကြပါစေ
ငါကတော့ နေ့သစ်တွေထဲခရီးဆန့်ရအုံးမယ်….
Comment #3
>__<
By: ei lay at Dec 4, 2012
Comment #4
ဟာ….တကယ်ကို နှလုံးသွေးနဲ့ရေးထားတာပဲဗျာ…
ကဗျာတစ်ပုဒ်လုံးကို…..ကျွန်တော်လည်းနှလုံးသားနဲ့ခံစားသွားပါတယ်။
By: poem.poem28 at Dec 4, 2012
Comment #5
အရမ်းကောင်းတဲ့ ကဗျာလေးပါလား
By: နေလ at Dec 5, 2012
Comment #6
:'(
:'(
:'(
By: ei lay at Dec 21, 2012




Comment #1
ပေါ့ပေါ့ပါးပါးမေ့ပစ်နိုင်ပါစေ ရှင် ..