Professional Authors

…..ရင်တွင်းကဗျာ6

မိန်းမကောင်းအလင်္ကာနဲ့
လက်သည်းဝှက်တော်တဲ့
ကြောင်မလေးကိုမှ(ကောင်မလေး)
အနာဂါတ်တွေအပ်ချင်မိတဲ့ငါ…..
အဖြူရောင် သတိုးသမီးရဲ့
အပျိုရည်ပျက်စ
မနက်ခင်းလို မဟုတ်လည်း
ယဉ်ကျေးမူ့ အဆန်းမှာ
နူတ်ခမ်းချင်းအနမ်းက
မနက်ခင်းရဲ့လမ်းစဆိုတော့
နင်လျှောက်တဲ့လမ်း
ကြမ်း များနေမလား…..?
အမုန်းမရှိတဲ့ ရင်ဘက်နဲ့
နားလည် တတ်တဲ့ငါ
အချစ်မှာရူးတာ မဟုတ်ရပါဘူး
(ရူးလောက်အောင်)
မြတ်နိုးမိတဲ့ မင်းကိုမှ
ချစ်မိခဲ့တာပါ…..
မလိုချင်ရဲခဲ့ပါဘူး
မင်းရဲ့တုန့်ပြန်မူ့ကို
အချိန်တန်ရင် ရင်ခွင်ကို စုံကန်သွားမှာ
ကြိုးသိကာနေလို့
နဂိုရှိတဲ့ သံယောဇဉ်တွေ
အရည်ကုန် မခမ်းခင်
နှလုံးသားကို အကျဉ်းချ
(အထီးကျန် ဘ၀ကို)
အသားကျအောင်နေခဲ့တယ်…..
တမင်မရည်ရွယ်ပါပဲ
စူးနစ်မဲ့ ဒဏ်ရာအသစ်
ဝါကျ အသစ်
အဓိပ္ပါယ် အသစ်
ခတ်ဆစ် အသစ်တွေထဲမှာ
နွမ်းညစ် သွားမဲ့
အဖြူ ဆေးသားလေး အတွက်
ရင်မော တယ်။။     ။။

In: ကဗျာ Posted By: Date: May 10, 2012
Comment #1

huhhhhhhhhh
maw twar tar pe,,, ;(

commentinfo By: ei lay at May 10, 2012
Comment #2

“tan yaw zin” ko phyat phoe kyoe sarr de pop?
hint..
no way,
lone wa kwint ma pyu naing par;

commentinfo By: ei lay at Nov 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment