Professional Authors

မိုးထစ်ချုန်း

                                                            မိုးထစ်ချုန်း
                                                            ———–

ပိတ်ကားပေါ်က ပါးချိုင့်လေးကို
စိတ်လိုလက်ရ သိမ်းဆည်းမိတဲ့အခါ
ကိုယ်ဟာ
ကိုယ်မုန်းတဲ့ ကိုယ်အဖြစ်
သေသေ၀ပ်ဝပ် ထွက်ကျလာ
ခေါက်ရိုးကျိုးသိမ်ငယ်မှုတွေနဲ့
လိုလိုချင်ချင် ထွက်ကျလာ
ကြည့်ပါဥိးလေ
မျက်စောင်းလေးတစ်ချက်ကို
တယုတယ ဖက်တွယ်လို့
သူမ ဆံပင်တွေရှည်လျားနေပုံက သိပ်ကဗျာဆန်တယ် တဲ့
ဘယ်လောက်ညံ့ဖျင်းတဲ့ကောင်လဲ
ဒါနဲ့ပဲ
ဆေးလိပ်တစ်လိပ်ကောက်ဖွာပြီး
ဒဏ်ရာကို မီးညှိလိုက်တယ်
ဒါနဲ့ပဲ
ကဗျာတစ်ပုဒ်ဖတ်ပြီး
နှုတ်ခမ်းပါလေးကို လွယ်အိတ်တစ်လုံးထဲ ထိုးထည့်လိုက်တယ်
ဒါနဲ့ပဲ
အရက်တစ်ခွက်မှာပြီး
သက်ပြင်းတွေမော့ချလိုက်တယ်
ဆံရှည်မလေးရဲ့ညနေခင်းမှာ
ကြင်နာခွင့်မရခဲ့သူပါကွယ်
ထုံးစံအတိုင်း
ဒီနေ့လည်း နေရာကွက်ကျားပဲရွာတယ်

In: ကဗျာ Posted By: Date: Mar 15, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment