သိထားပါကွာ…
အရမ်း အရမ်းချစ်ခဲ့တာပါဆို
ပြောနေကျ သုံးနေကျ မင်းစကား
ငါအတွက် ဟာသလိုပဲ…..
ယုံပါနော်တဲ့
မာယာများတဲ့ မင်း
စိတ်ကူးထဲတောင်မထည့်ဘူး(စိတ်ပျက်လို့)
ယုံလွယ်အောင် မြူဆွယ်
မျက်ဖုံးတပ်ပြီး လူကောင်းဆောင်
အဟုတ်အောက်မေ့တဲ့ သူတွေကို
ပျက်ဆီးနေတာ ငါမသိတာမှမဟုတ်တာ…
အမိ…..ခနတာပါ
တစ်သက်စာယူသွားချင်ရင်
ဒူးထောက်ပြီး မျက်ရည်ကျနေတာ
ငါလှည့်မကြည့်ဘူးဆိုတာ ယုံထားပါ….
မာနတွေ မာယာတွေခွာချ
ပြာချပြီး ခွေးကျွေးရင်တောင်
ခွေးစားမှာမဟုတ်ဘူး….(စိတ်ဓာတ်ကူးမှာဆိုးလို့)
အတူတူနေချင်တယ်တဲ့
လျှာအရိုးမရှိတိုင်းပြော
ယုံလွယ်တတ်တဲ့ လူထဲမှာ
ငါမပါဘူးဆိုတာ ယုံထားစမ်းပါ…
မျက်ရည်နဲ့မျက်ခွက်
အဖက်ဆယ်မရအောင်
ဖြစ်ခဲ့ပြီးမှာ ကယ်ပါလို့ပြောတိုင်း
လက်ခံရအောင် အရှုးမှမဟုတ်တာ…..
သွားစမ်းပါကွာ
ငါနဲ့အဝေးဆုံးမှာနေပါ
ငါအချစ်တွေက ကဗျာပါပဲ
poemscorner ရှိနေသရွေ့
ငါနှလုံးသားတွေ ရှိနေမှာပါ….
မင်းမရှိလို့
ပျော်ရွှင်နေရတဲ့ ငါဘဝ
ဝေဖန်သူတောင်များလာရောပေါ့….
မင်းမရှိလို့ ကဗျာဖြစ်တာနော်
ကျေးဇူးတင်တယ်….
မယုံရင် တက်ဖက်
မင်းကောင်းကြောင်းတွေ
မေးလ်မဆန့်အောင်
များနေတဲ့ ကွန်မန့်တွေရှိတယ်ဆိုတာ
သိထားပါကွာ….
ပြန်မလာနဲ့တော့…လမင်းကြီးအောင်မှာ ပုလင်းမလဲ လူမလဲပဲတစ်နေ့ကုန်ထိုင်ပြီး ပျော်နေမယ်ဆိုတာ မင်းယုံထားပါ…
စိုး…………..
Comment #2
အဟမ်း………….လက်တွေတက်လာတယ်ဗျ
ရှေ့ကတစ်ပုဒ်ထက် ဒီကဗျာလေးကဖတ်လို့ပိုကောင်းသဗျ(ဒါကျွန်တော့အမြင်ပါ)
ကြိုးစားထားပါ
အရေးအသားကို အားပေးနေတယ် ။
By: X - ray at Feb 13, 2012
Comment #3
အားပေးလျှက်ပါ…
By: May Kha at Feb 13, 2012




Comment #1
hote ke,,
ti par p shin,,
he,,he,,