Professional Authors

**တောသူမရဲ့ရည်းစားစာ** ဌေးကြည် (စလင်း )

မြို့သား အစ်ကို
စကားချို
သူ့ကိုချစ်မိနေပြီရှင့်၊

ထဘီတိုတို ရေစိုစို
ကျွန်မ အလှ ကပိုကရို
မြို့သူတွေထက် ပိုသတဲ့ရှင့်၊

ပြောင်းဆန် ထမင်း
ဆူးပုတ်ဟင်း
သူ စားချင်ရင် ခုချက်ချင်း၊

ပဲနီလေးပြုတ်
မုန့်ဖက်ထုပ်
သူစားချင်ရင် ချက်ချင်းလုပ် ၊

သူ ကြိုက်တယ်ဆို
ထန်းရည်ချို
မြူအိုးလိုက်ကို ပေးတယ် ရှင့် ၊

သူနဲ့တွေ့ရန်
ကောက်စိုက်ပြန်
ခရေပန်း ပန်ရတယ် ရှင့် ၊

သူနဲ့ တွေဆုံ
စံပယ်ရုံ
ညတိုင်း ပုံပြင် ပြောတယ်ရှင့် ၊

တစ်ညသာ
လ လည်းမိုက်
မြို့သားရယ်….အမေ ရိုက်မှာ စိုးတယ် ရှင့် ၊

ဖိတ်စာ ရိုက်ရန်
မြို့သို့ပြန်
ခုထိ ပြန်မလာသေးဘူးတဲ့ ရှင့်၊

နေဝင်ချန်ယွန်း
မီးအိမ်ထွန်း
မျက်ရည် သုတ်ရင်း လွမ်းတယ်ရှင့် ၊

In: ကဗျာ,Others Posted By: Date: Oct 5, 2011
Comment #1

ချစ်ဖို.ကောင်းတယ် ကဗျာလေးက !

commentinfo By: မိုးည at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment