Professional Authors

ဆောင်း မှာ နှင်းဝေခဲ့လေမလား

ဆောင်း မှာ နှင်းဝေခဲ့လေမလား

မနက်ခင်းလေပြည်ရဲ့ တေးသွား
ချမ်းစိမ့်စိမ့် အေးသွားမလား …… ကျွန်တော်မသိခဲ့ ..

စိုးစိတ်တွေ ရွက်ကုန်လွှင့်လို့
နေခြည်ရဲ့ အလင်းကို မျှော်နေမိတယ် …
ခေါင်း .. ပြီးတော့ ပန်း …
ဘယ် ညာကိုကြည့် … ပကတိ အလင်းမဲ့

ကြောက်စိတ်ရဲ့ အင်အားတွေ
ဆောင်း လေ လိုပဲ ရင်ခွင်ထဲမှာ တိတ်ဆိတ်
ချမ်းချမ်းအေးအေး …

ဒီလိုနဲ့ပဲ

စိတ် ဥာဏ်ရဲ့ တစ်လှမ်းအကွာ ကို တွေးမိတယ်
ကျွန်တော်  = စိုးရိမ်စိတ်နဲ့ လူတစ်ယောက်
အဖြစ်က  … ခပ်ရိုးရိုးပဲ
ရင်ခုန်သံသာ ဆန်းနေခဲ့တာ …

In: ကဗျာ Posted By: Date: Feb 12, 2012
Comment #1

1 myo lay pe,,
kaung par de

commentinfo By: ei lay at Feb 12, 2012
Comment #2

စိတ် ဥာဏ်ရဲ့ တစ်လှမ်းအကွာ ကို တွေးမိတယ်
ကျွန်တော် = စိုးရိမ်စိတ်နဲ့ လူတစ်ယောက်
အဖြစ်က … ခပ်ရိုးရိုးပဲ
ရင်ခုန်သံသာ ဆန်းနေခဲ့တာ …

commentinfo By: May Kha at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment