Professional Authors

မှတ်မိဦးမလား

သနပ်ခါးမရှိ
မိတ်ကပ်မရှိ
လက်ပတ်နာရီတစ်လုံးအပြင်
မိန်းကလေးအသွင်မရှိတဲ့ကောင်မလေးကို
နင်သတိရနေဦးမလား။
အတန်းမတက်ချင်တိုင်း
ကင်တင်းမှာ တစ်နေကုန်နေ
ဝတ္ထုတွေ ထိုင်ထိုင်ဖတ်
အစားနဲ့ပါးစပ်လည်း မပြတ်တတ်တဲ့ကောင်မလေးကို
နင်သတိရနေဦးမလား။
ဆူးလေလမ်းမပေါ်မှာ
ရေတွေလျှံတဲ့အခါ
ရေတွေကိုကန်ပြီး
လမ်းလျှောက်တတ်တဲ့ကောင်မလေးကို
နင်သတိရနေဦးမလား။
သီချင်းလည်းမသိ
သတင်းလည်းမသိ
အတင်းလည်းမသိ
နင့်ကို ညှင်းဆဲဖို့သာသိတဲ့ ကောင်မလေးကို
နင်သတိရနေဦးမလား။
အဲဒီကောင်မလေး လေ
အိမ်ထောင်တွေကျ 
ကလေးတွေရလို့
အိအိပုံ့ပုံ့ ပါးစုန့်တွေထွက်လို့
လိပ်ခါး ဆင်ကိုယ်
သမင်ပျိုအကြည့်လည်းမရှိ
ရယ်လိုက်ရင်တော့
နဂိုယဉ်တဲ့ ပါးချိုင့်လေးရှိသေးတယ်။
အဲဒီမိန်းမတစ်ယောက်ကိုလေ
လမ်းမှာတွေ့ရင် နင်မှတ်မိပါဦးမလား။

-Zora- 

In: ကဗျာ Posted By: Date: Mar 13, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment