Professional Authors

ပြောပါ

ချစ်တယ်ဆိုတာကို ချစ်တဲ့အတိုင်း ဖွင့်ပြောမိ …

ရင်းနှီးမှုကို အစပျိုး နှောက်မှ ဖွင့်ပြောတာမျိုးလဲ မဖြစ်ချင် …

မင့်အကြောင်းလည်း ငါမသိ

ငါတကယ်ချစ်ကြောင်းလည်း မင်းမသိ

ဘာပဲဖြစ်ဖြစ် ချစ်တယ် လို့ပြောမယ် …

မင့်အတွက် ငါဟာ ဘာမှန်းမသိ

ငါ့အတွက် မင်းဟာ တောက်ပတဲ့အလင်းစက်

အချစ်ဆိုတာ ရင်းနှီးမှုတွေထဲ ဖွင့်ပြောမှ အဆင်ပြေသလား …?လူ့ စည်းကမ်း စည်းကမ်း

လူ့ သတ်မှတ်ချက်တွေ …

ဒီလိုအခြေအနေမျိုးမှာ ငါမုန်းတယ် …

ရှေ့ဆက်ခရီး …

ငါ့စကားတစ်ခွန်းနဲ့တင် ပြီးသွားပြီလား …?

နားလည်မှု ဆိုတာကကော ဘယ်လိုအခြေအနေမျိုးမှာမှ ပေါ်ပေါက်လာရသလဲ …?

ပြောပါ …

မိုးစက်လေး ပြောပါ …

အဲ့ဒီ စွဲမက်တဲ့နုတ်ခမ်းထူထူတွေ ပြောပါ …

မျက်ဝန်းလက်လက်လေး ပြောပါ …

အွန်လိုင်းမှာ ဒီလောက်လေးနက်ပြနေတဲ့ကောင်ကို ပြောပါ …

ပြောပါ …

ပြောပါ …

 

ငါကို ချစ်လား … ပြောခဲ့ပါ ။     ။

 

                                                           စုန်းပြူး

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

pyaw me naw,

commentinfo By: ei lay at Feb 16, 2012
Comment #2

Pyaw par so…

commentinfo By: ei lay at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment