Professional Authors

ဝါကျွတ်ဆုတောင်း (ငွေတာရီ)

မြှောက်ချီတဲ့လက်မုံ။

ဆီမီးငယ်ဝါဝါနှင့်
ဆုချွေကာ ပဏာသ
ချမ်းမြရေစုံ။

ဖြူနီညို စိုစိုလတ်ပါတဲ့
နုဖပ်ဖပ် ကြာအငုံ
ဝတ်မှုန်က ပျံ့မွှေး။

သွယ်နွဲ့လှိုင်ကြည်
မယ်နဲ့မောင် တခိုင်စီပ
ဆုပန်ရည် စေတီနန်းမှာဖြင့်
နိဗ္ဗူပြည် ချွေရည်မှန်းကာ
တမ်းမိတယ်လေး။ ။

In: ကဗျာ,ငွေတာရီ Posted By: Date: Oct 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment