Professional Authors

နေ့ရက်တွေက ပစ်ချသွားတာပါ

လူက ရွေ့နေတာလား
နေ့ရက်တွေက ပစ်ချသွားတာလား
ခုနှစ် သက္ကရာဇ် ရဲ့နောက်မှာ
လျှောက်ခဲ့တဲ့ ခြေလှမ်းတွေသာ များတယ်
ယုံကြည်သက်ဝင် စရာဆိုတာ မရှိသလိုလို
မရှိ တော့ပါဘူး . . . . 
အဲ့ဒီ နှုတ်ခမ်းလေး လည်းမရှိချင်သလိုလို
ဆည်းလည်းသံလေး လည်း မရှိနိုင်တော့ပါဘူး . . . . 

လူက ရွေ့နေတာလား
နေ့ရက်တွေက ပစ်ချသွားတာလား
ရင်ဘတ်က နာကျင်နေတဲ့အခါ
အာရုံကြောတွေက မသိချင်ယောင်ဆောင်တယ်
အမှတ်မရှိတဲ့ ဘယ်ဘက်
ရန်ကုန်မှာမွေး ၊ ရန်ကုန်မှာ ကြီး
မြန်မာနိုင်ငံ သား ချာတိတ်တစ်ယောက်မှာ ရှိတယ် . . . . 

လူက ရွေ့နေတာလား
နေ့ရက်တွေက ပစ်ချသွားတာလား
နတ်သမီးပဲ ဖြစ်စေ ၊ ဘုရင်မပဲ ဖြစ်စေ
ကလီယိုပက်ထရာပဲ ဖြစ်စေ ၊ မာရီလင်မွန်ရိုးပဲ ဖြစ်စေ
နှလုံးသားဆိုတာ အမေ မွေးကတည်းက ပါလာလို့သာ ခင်ဗျားတို့မှာ ရှိနေတာ
ဘာမှ အသုံးမ၀င်တော့ဘူး လို့
ကဗျာဆရာ အောင်ချိမ့် ပြောသလိုပဲ
အခု ကျွန်တော် ပြောမယ်
ခင်ဗျားတို့ဟာ လူလိမ်
ခင်ဗျားတို့ မှာ အကြင်နာတရားမရှိဘူး . . . . 

လူက ရွေ့နေတာလား
နေ့ရက်တွေက ပစ်ချသွားတာလား
ဘုရားပဲ သိမယ့် လူသူစိမ်းရဲ့ စိတ်ကို
တစ်ခါတစ်ရံ ရေအတိမ် အနက် ခန့်မှန်းနိုင်သလို
တစ်ခါတစ်ရံ ရေအတိမ် အနက် ခန့်မှန်းရခက်သလို
တစ်လောက လုံးကို လည်း စိန်ခေါ်ဖူးတယ်
တစ်လောက လုံးကို လည်း ဆန့်ကျင်ဖူးတယ်
ဘယ်သူမှ မရူးသလို ငါ ရူးဖူးတယ်
အဲ့ဒီ ဘုရားပဲ သိမယ့် လူသူစိမ်းရဲ့ စိတ်တစ်ခု အတွက်နဲ့ . . . .

လူက ရွေ့နေတာလား
နေ့ရက်တွေက ပစ်ချသွားတာလား
အလီဘိုင်တွေ မရှိပဲ
မြင်းမိုရ်တောင် ထက် မြင့်ချင်လို့ မရဘူး မိန်းကလေး ရယ် 
အနည်းဆုံးတော့ ရယ်သံတွေ ရှိစေဦး
အမေဇုန် တော ကို ငါ့ကျောပိုးအိတ်ထဲ ထည့်လာခဲ့မယ်
နိုင်ငံပေါင်းစုံအနှံ့ ဖြန့်ကျက်နေတဲ့ နိုင်းမြစ်ကို
နင့် အင်ပါယာ အတွက်သာ စီးဆင်းစေမယ်
လုံလောက်မယ်လို့ ထင်ပါတယ် . . . . 

လူကရွေ့နေတာလား
နေ့ရက်တွေက ပစ်ချခဲ့တာလား
မောင်းပြန် သေနတ်ကို နဖူး တေ့ပစ်ရင်တောင်
မသေ နိုင်ဘူးလို့ ငါ ငြင်းနေဦးမယ်
အဆုံးတစ်နေ့ လက်နက်ချရရင်တောင်
ရောက်ရှိမယ့် ငါ့ ကောင်းကင်ဘုံ ဟာ
မုချ အများတကာ ထက် ပိုလင်းလက်တောက်ပ နေလိမ့်မယ်
ဒီလို ငါ ယုံကြည်တယ် . . 
သက်ဝင်မှုဟာ ပျက်စီးသွားစေဦး
ဒီလို ငါ မိုက်မဲတယ်လို့မထင် . . . . 

လူက ရွေ့နေတာလား
နေ့ရက်တွေက ပစ်ချသွားတာလား
လူက ရွေ့နေတာထက်
နေ့ရက်တွေက ပစ်ချသွားတော့
ဒီ ဒဏ်ရာ သွေးပိုထွက်တော့တာပါပဲ . . . . ။    ။

In: ကဗျာ Posted By: Date: Feb 11, 2015
Comment #1

လူက ရွေ့နေတာလား
နေ့ရက်တွေက ပစ်ချသွားတာလား
ဘုရားပဲ သိမယ့် လူသူစိမ်းရဲ့ စိတ်ကို
တစ်ခါတစ်ရံ ရေအတိမ် အနက် ခန့်မှန်းနိုင်သလို
တစ်ခါတစ်ရံ ရေအတိမ် အနက် ခန့်မှန်းရခက်သလို
တစ်လောက လုံးကို လည်း စိန်ခေါ်ဖူးတယ်
တစ်လောက လုံးကို လည်း ဆန့်ကျင်ဖူးတယ်
ဘယ်သူမှ မရူးသလို ငါ ရူးဖူးတယ်
အဲ့ဒီ ဘုရားပဲ သိမယ့် လူသူစိမ်းရဲ့ စိတ်တစ်ခု အတွက်နဲ့ .

…………………………
more than words .. your poem take my mine for a mins

commentinfo By: အသဲကွဲ မိုး at Feb 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment