Professional Authors

### ကပေါက်တိကပေါက်ချာ ###

ဖြစ်ချင်တာ နဲ့ ဖြစ်နေတာကို


သူသူငါငါခွဲခြားကြည့်တော့


စိတ်ခွန်အားကရင်ဘတ်ကိုပြေးပြေးစောင့်တယ်


သက်ရောက်လာတဲ့ တန်ပြန်မူ့တွေကို


ပြန်သက်ရောက်ဖို့ဘယ်လိုတန်ပြန်ရမလဲ


မလိုချင်မှုနဲ့လိုချင်မှုတွေကို


ကျောချင်းကပ်ထားလိုက်တယ်


အချက်အချာကျတဲ့ခံစားမူ့တချို့အတွက်


အသက်ရူသံခပ်ပြင်းပြင်းတွေပေးဆပ်ထားတယ်


အနာဂတ်ကိုအတိတ်နဲ့ရောမွှေကြည့်လိုက်တော့


ပစ္စုပန်ကခေါင်းမကြည်ဘူး


မသိတာကိုမသိဘူးပြောဖို့


မော့နေတဲ့ခေါင်းကိုခဏငုံ့ထားရမယ်


မဖြစ်နိုင်တဲ့မဖြစ်သေးမှုတွေကို


ယုံကြည်ဖို့အတွက်အကန့်အသတ်တချို့ကိုတော့


စတေးရမယ်ထင်တယ်…..


ဒါနဲ့စကားမစပ်မေးရအုန်းမယ်


ကပေါက်တိကပေါက်ချာငါ့ကဗျာထဲ


မင်းဘာလာလုပ်တာလဲ……။   ။


ဒီလူ(တောင်တွင်းကြီး)

In: ကဗျာ Posted By: Date: Oct 4, 2011
Comment #1

ဘာမှလာမလုပ်ပါဘူးဗျ
ကဗျာက ဆွဲဆောင်လို့ ရောက်လာတာ
ကဗျာဆရာရဲ့ အပြစ်….ဟဲ ( နောက်တာပါ )
မော့နေတဲ့ခေါင်းကိုခဏငုံ့ထားရမယ်

မဖြစ်နိုင်တဲ့မဖြစ်သေးမှုတွေကို
ယုံကြည်ဖို့အတွက်အကန့်အသတ်တချို့ကိုတော့
စတေးရမယ်ထင်တယ်…မိုက်တယ်ဗျာ

commentinfo By: sharon myorr myor at Oct 4, 2011
Comment #2

လာအားပေးတာလေ……..:P

commentinfo By: May Kha at Oct 4, 2011
Comment #3

ကဗျာလာဖတ်တာပေါ့ဗျာ ခင်ဗျားကလည်း 😛

Leave Comments

Name*

Email*
Website
Email me whenever there is new comment