မပြောလိုက်ရတဲ့………စကားနှစ်ခွန်း
ပြောမထွက်ခဲ့တာပါ
မပြောရဲလို့မဟုတ်ပါဘူး
ဘဝချင်းမတူမှန်းလည်း သိပါတယ်
ရွှေဘုံပေါ်မှာ ပျော်မွေ့နေတဲ့ မင်းက
ငါလို နေပူအောက်က ဘဝမျိုး
ဘယ်လာချင်ပါမလဲ…
ငါသိပါတယ်…
ဘေ့စ် ချင်းတူမှ
ပါဝါချင်းပေါင်းလို့ရတယ်ဆိုတာ…
ငါမမျှော်လင့်တော့ပါဘူး
အိမ်မက်တွေကို မီးရှို့ပြီး
မျက်ရည်ဆိုတဲ့ ပင်လယ်ပြင်ထဲကို လွတ်ပစ်ခဲ့ပြီ..
မင်းပျော်ပါစေ
ငါမပြောလိုက်ရတဲ့ စကားနှစ်ခွန်း
မင်းအတွက် မလိုဘူးဆိုတာ
ငါသိပါတယ်………..
အမြစ်မရှိတဲ့ သစ်ပင်
စစ်မရှိတဲ့ တိုင်းပြည်လို
အချစ်မရှိတဲ့ ငါရင်ထဲမှာ
မင်းရှိနေတာ အံသြတယ်…..
မင်းလိုချင်တာတွေ
ငါမှာမရှိဘူး ဒါပေမဲ့
မင်းမှေးစက်ဖို့တော့
လက်မောင်းတော့ ရှိတယ်ဆိုတာ ယုံထားပါ..
မပြောချင်တော့ပါဘူး
ချစ်တယ် ဆိုတာ
မင်းအတွက် ခါးသက်နေရင်လည်း
ထွေးထုတ်လုပ်ပါ
ငါကတော့ ခါးမှန်းသိလျက်နဲ့
အံကြိတ်ပြီး မျိုချထားတယ်……
ငါမပြောလိုက်ရတဲ့ စကားနှစ်ခွန်း
မင်းယူမသွားတာ ခံပြင်းတယ်….
သူငယ်ချင်းရဲ့ ခံစားချက်လေး………သူ ကြားနိုင်ပါစေလို့ ဆုတောင်းလျက်
စိုး…………..
Comment #2
ကဗျာက စကားလုံးရွေးချယ်ထားပုံလေးလှတယ်ဗျ အရေးအသားလည်းလှတယ်
ခံစားဖတ်ရှုအားပေးသွားတယ်ဗျာ ။
By: X - ray at Feb 10, 2012
Comment #4
thu ka bar tway lo chin nay loh le hin?
daw daw money kyike loh lar?
By: ei lay at Feb 10, 2012




Comment #1
ha,,ham,,
soe ka le,,really funny,,
kou ma pyaw loh thu ma ti tar lay,,
kou pyaw ke yin htar par dot,,
bar ko khan pyin ya tar le? hote bu lar?
bar hma ma pyaw htar de har g ko thu ka a kone lone kyo ti nay ya aung pagoda hote bu lay naw,