Professional Authors

တခမ်းတနားမြို့တော် (မနော်ဟရီ)

တံခါးကိုခေါက်ကြည့်လိုက်တော့ အကြည့်တွေအားလုံး မှောင်ကျသွားတယ်
တိတ်တိတ်ကလေး လှည့်ထွက်ခဲ့လိုက်တော့ နောက်က ခြေသံတရှပ်ရှပ်နဲ့  ..
ဖြူဖြူစင်စင် လမ်းလေးအတိုင်း မလျှောက်နိုင်သူတွေကတော့ ကြုံသလိုပျံသန်းသွားကြ
ဗီဇ ဆိုတာက ဖျောက်လိုက်လို့ မရပေမယ့် ခဏတော့ ဖုံးထားလို့ ရတဲ့အရာ …
မကြာခဏ ဖူးပွင့်နိုင်တယ် ဆိုပေမယ့် အဲဒီသံစဉ်တွေက နှလုံးသား သိပ်ရွေးတယ် ..
မရွယ်ပဲဖြစ်သွားတဲ့ စော်ကဲမင်းတွေတော့ ကြားနာနိုင်လိမ့်မယ် မထင်ဘူး ..
မနော်ဟရီ
၆.၉ .၂၀၁၃

Credit: http://www.the-art-of-manorhary.com/ 

Leave Comments

Name*

Email*
Website
Email me whenever there is new comment