Professional Authors

လက်အံသေခြင်း

ကံကြမ္မာဆိုးတွေကိုပဲချချရေးရင်း
သီချင်းတွေတစ်စက်စက် ကုန်သွားတာ
သတိမထားမိလိုက်ဘူး
အလွတ်ကျက်ထားပြီးမှ ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ
ဘုရားစာလည်း ပါ ပါနေတယ် မခက်ဘူးလား
ဘုရားသိကြားမလို့ ငါတို့ရင်ဘတ်တွေကိုစည်တီး
ကောင်းချီးပေးခိုင်းရဦးမယ်။
ရန်သူတွေအကြောင်းကို မေ့မေ့နေတတ်တော့
နောက်ကျောမှာ အမာရွတ်တွေများ များလာတယ်။
လေဟာနယ်တွေဟာ ကျန်းမာရေးကိုထိခိုက်စေတာသေချာသလား
ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ
တစ်ခါတစ်ခါ ဓားတွေဟာရှေ့ကလည်း လာတတ်ပါတယ်
လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး။
အနာဂတ်တွေကို ဖိဖိရေးရင်း
နှင်းတွေက တင်းကြမ်းကျလာလိုက်တာ
ကံကြမ္မာတွေတောင် ဖွေးဖွေးဖြူလို့
ကျွန်မ ဘယ်လိုရာသီဥတုနဲ့များ
လာဘ်ပေးလာဘ်ယူ လုပ်ထားရပါ့မလဲ
ခုထိ ဝေခွဲမရနိုင်သေးဘူး။

In: ကဗျာ,မနော်ဟရီ Posted By: Date: Sep 2, 2011
Comment #1

ရန်သူတွေအကြောင်းကို မေ့မေ့နေတတ်တော့
နောက်ကျောမှာ အမာရွတ်တွေများ များလာတယ်။
လေဟာနယ်တွေဟာ ကျန်းမာရေးကိုထိခိုက်စေတာသေချာသလား
ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ

commentinfo By: Han at Oct 9, 2011
Comment #2

ဆရာတာရာမင်းဝေကိုကြိုက်သလိုပါပဲ
အမကိုလည်းအားပေးပါတယ်….

commentinfo By: yaewintaung at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment