Professional Authors

ဒါအမှန်တရားပဲ

ဟန်တပြင်ပြင်နဲ့…ရိုက်ဖို့စဉ်းစားနေရတဲ့..
Text Message တစောင်ကို…
ပို့မိပြီးသွားတော့မှ….ငါ့အလိုကျ..ဆက်သွယ်ရေးကများ..
ဖြတ်ချပစ်လိုက်လေမလားလို့…ရင်ခုန်မိသေးတယ် ။
..
မေးခွန်းတခုကို…ဖြေဖို့အတင်းအကျပ်တိုက်တွန်းပြီးတော့မှ..
မဖြေလိုက်ပါနဲ့…မဖြေလိုက်ပါနဲလို့…စိတ်ထဲက..
ကြိတ်ပြီးတော့..တောင်းဆိုနေတာ..မင်းမှမသိတာ
..
မင်းပြောသလို……ငါက…
နှိုးရခက်တဲ့…အိပ်ချင်ယောင်ဆောင်နေတဲ့သူတစ်ဦးပါပဲ..။
..
ငါ…ဘယ်လိုအင်အားနဲ့…မျက်စိမှိတ်လို့…
ကြိတ်ငိုနေရဦးမလဲ….ကောင်မလေးရယ်…။
..
ငါ….နိုးနေပါတယ်ဆိုတာ…
မင်းလည်း..သိရက်နဲ့……… ။
..
မင်းနှိုးလာမှာ..မဟုတ်ဘူးဆိုတာလည်း..
ငါက..သိရက်နဲ့….. ။
..
အမှန်ကို…သိနေတဲ့စိတ်တစ်ခုနဲ့…
ငါဘယ်လောက်ထိ….ဆက်မှားနေရဦးမလဲ???
..
မင်း..ဘာကိုငဲ့လို့…အားနာနေဦးမလဲ… ။
ပြန်ဆွဲခေါ်သွားလိုက်စမ်းပါ….အစတစ်ခုကို…
..
..
ကနဦးထဲက…
ငါတို့…..ကွဲလွဲလိုက်ကြအောင်ပါ ။

In: ကဗျာ Posted By: Date: Jan 9, 2015
Comment #1

ကနဦးထဲက…
ငါတို့…..ကွဲလွဲလိုက်ကြအောင်ပါ ။

commentinfo By: nate thit at Jan 10, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment