………. စာ
” ………. စာ “
သတင်း လာမမေးပါနဲ့တော့
ငါ သေသွားပါပြီ ……..
ငါက ..ငါးမျှားချိတ်ကို တပ်မက်လွန်းသူ
မျက်ရည်တွေကို လိုသလောက် ချူနိုင်တယ်
မင်းပြောခဲ့ဖူးသလိုပေါ့
ငါ ပျော်နေတယ်လို့ မင်း ယုံကြည်ပါ
တံခါးတွေ ပိတ်စရာ မလိုပါဘူး ကလေးရယ်
မမြင်စေချင်ရင် တံခါးခေါက်ဖို့ လက်မရွယ်ဝံ့သူပါ
အားလုံးကို ပေးဆပ်ခဲ့ပြီးမှတော့
မင်း သတိမရလည်း ငါ ကျေနပ်တယ်
သတိရခြင်းဆိုတာ …….
ငါ မင်းကို စိုက်ပျိုး မပေးနိုင်တဲ့ သစ်ပင်
မင်းရင်မှာ ဘယ်တော့မှ မရှင်နိုင်ဘူး
မျက်စိမှိတ်ပြီးလည်း ယုံတယ်
မျက်စိဖွင့်ပြီးလည်း ယုံတယ်
ပုံပြင်ဆိုတာ ယုံတတ်သူအတွက်တော့
ဖတ်မပြေတဲ့ ပင်လယ်ဇာတ်လမ်း
အမြဲ ………… လွမ်းတယ်
အနားမှာ ခစားတာပါ
အနားမှာ ခြစားတာ မဟုတ်ရပါဘူး
နင် မလိုချင်ရင် ပစ်ထုတ်
နင့်အတွက် ရုပ်သေးရုပ်လိုကောင်
ချောင်ကလေးကနေ တိတ်တိတ်ငေး
လိုအပ်ချိန်တိုင်း ဖေးမပေးမှာပေါ့
ငါ ဘယ်လောက်ထိချစ်လဲ မင်းသိတယ်
ရင်ထဲကို အဆုံးထိမြင်ရဲ့သားနဲ့
တစစီဖြစ်အောင် ဖဲ့ရက်သလား
မင်းဟာ သိပ်ရိုးသားသူပါ
မင်းဟာ သိပ်ရိုးသားသူပါ
မင်းဟာ သိပ်ရိုးသားသူပါ
အဲဒီလို ငါ အခါခါ ယုံခဲ့ဖူးတာပေါ့
မင်း မရှိတဲ့ အရပ်မှာ
ငါ နေတတ်အောင် ကြိုးစားမယ်
ဒါပေမဲ့ ငါနေတဲ့ အရပ်က
မင်းသိမ်းပိုက်ထားတဲ့ ငါ့ရင်ဘတ်
မျက်ရည်စက်လက်နဲ့
မင်းနာမည်ကို ရအောင် ဖျက်မယ်
မင်းဟာ ငါမြတ်နိုးလွန်းတဲ့ ကဗျာတပုဒ်
သွေးနဲ့ယက်တဲ့ အရုဏ်ဦးအလင်း
ငါ့မြေကျင်းလေးရဲ့ မှတ်တိုင်စာ
ရင်ကွဲနာတို့ရဲ့ နတ်ဘုရားမပေါ့
ငါ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး
မင်း ငါ့ကို သတ်သွားတဲ့ လက်နက်က နူးညံ့တယ်
နှလုံးသားထဲ စိုက်ဝင်တဲ့အထိ သွေးမထွက်ဘူး
ရင်ဘတ်ဟောင်းလောင်းဖြစ်သွားတာတောင် ငါ မသိဘူး
ပြောပြလိုက်တော့မယ် ကောင်မလေးရယ်
မင်း ငါ့ကို မျက်တောင်တခတ်နဲ့
ရက်ရက်စက်စက် လှပစွာ သတ်သွားတယ်ဆိုတာ
ငါ့ အုတ်ဂူကို ရွှံနဲ့တည်ဆောက်ပေးပါ
ငါ သေသွားတာတောင် မင်း လိုရာ ပုံသွင်း
ဆော့ကစားရင်း အပျင်းပြေပါစေ ချစ်သူ
စိတ်ချမ်းမြေ့ပါစေ …. ချစ်သူ
ငါနဲ့ ဝေးရပ်မှာ မင်း ကံကောင်းပါစေ
မင်းဘေးက ဖုံးဆိုးမြေထဲ သားရဲကင်းပါစေ
လိုအပ်ချိန်လည်း မေ့ဖျောက်
ဒူးထောက်ဖူးတဲ့ လူတစ်ယောက်ကို သတိမရပါစေနဲ့
ချီရွန် ( ပုလဲ )
ဖတ်ပြီး လျှောက်စဉ်းစား မနေပါနဲ့ ကောင်မလေးရယ် ဒီကဗျာဟာ မင်းအတွက်ရေးမှန်း မင်းသိပါတယ်။
Comment #2
Ta htine de ne 3 kyane phat twar par de shin.
By: ei lay at Dec 18, 2012
Comment #3
အရင်ကဗျာတွေလို စကားလုံးအင်အား အပြည့် မသုံးနိုင်ဘဲ ခံစားချက်ပဲ ဦးစားပေး ရေးထားလို့ သိပ်အားမရတဲ့ ကဗျာပါဗျာ။ အားပေးတဲ့သူ ရှိတဲ့အတွက် ကျေးဇူးလည်း တင်တယ် ဝမ်းလည်းသာပါတယ်။
By: ChIr0N at Dec 18, 2012
Comment #4
ကဗျာတစ်ပုဒ်လုံးကတော့ ဖတ်လို့ကောင်းသဗျ သို့သော် ကဗျာအောက်ဆုံးကစာသားလေးဖတ်မိတော့ နည်းနည်းနင်တင်တင်ဖြစ်သွားတယ်ဗျ ဒီကဗျာဖတ်တဲ့လူတိုင်းက ကိုချီရွန့်ကဗျာထဲကကောင်မလေးမဟုတ်ဘူးလေဗျာ ။
With respect,
RAY
By: X - ray at Dec 19, 2012
Comment #5
I don’t think so,ko x ray.
😛
Lu tine hmar koh khan sarr chat tway ko phaw htoke kwint Shi par de.
D chit sa yar Kaung de poems corner hmar Shi nay de Thu tway arr lone Lut lat swar pyaw so pine kwint Shi par de..(ta sone ta u ko hti khike nit nar aung se so nay tar myo ka lwe yin)
Ko Chiron yae htar tar Thu myar ko hti khike aung yine sine de sa ka lone tway ma par bu lae.
By: ei lay at Dec 19, 2012
Comment #6
ကိုချီရွှန်….ကဗျာတစ်ပုဒ်လုံးကို ကြိုက်တယ်ဗျာ
ဘာပြောရမှန်းမသိဘူး…ကိုချီရွှန်..စောင်းရေးထားတာလားဗျာ။
By: poem.poem28 at Dec 19, 2012
Comment #7
X-ray ….. ဒီကဗျာကို ဖတ်တဲ့သူတိုင်းကို ရည်ရွယ်တာ မဟုတ်ပါဘူး ညီလေး … သို့သော် ဒီကဗျာရွာထဲမှာပဲ အကို ဖတ်စေချင်တဲ့သူက ရှိနေတာပါ။ နောက်တခုက အဲဒီလူကိုယ်တိုင်လည်း ဒီကဗျာဟာ သူ့အတွက် ရေးထားတယ်ဆိုတာ သိပါလိမ့်မယ်။ အကိုက တမင် ရေးပေးထားတာပါ။ စိတ်ထဲ စနောင့်စနင်း ဖြစ်သွားရင် တောင်းပန်ပါတယ်။
ei lay ….. အကို့ကို နားလည်ပေးတဲ့ အတွက် ကျေးဇူး အထူးပါ။ ဖတ်စေချင်တဲ့သူက ဖတ်ပေမဲ့လည်း ကွန်မန့် လာပေးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
poem.poem28 …… စောင်းမရေးပါဘူး ညီလေးရယ်။ ခံစားချက်ချင်း တိုက်ဆိုင်သွားတာ သိရလို့ ဝမ်းသာပါတယ်။ အရင်လိုတော့ စကားလုံးပါဝါ သိပ်မရှိလှဘူး။ မြန်မြန် တင်ချင်စိတ်များပြီး စကားလုံးကို အားမထားလိုက်မိလို့။
ဘာပဲဖြစ်ဖြစ်ပါ ကွန်မန့်ပေးသူအားလုံးနဲ့ ဖတ်ရှုသူအားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။
By: ChIr0N at Dec 19, 2012
Comment #8
တောင်းပန်ဖို့မလိုပါဘူး ကိုချီရွန်ရာ ကဗျာညီအစ်ကိုမောင်နှမအချင်းချင်းတွေဘဲ ~~
မအိလေးခင်ဗျာ
ကျွန်တော် ကိုချီရွန့်ကဗျာကိုပုတ်ခတ်ပြောတဲ့စကားလုံးတစ်လုံးမှမပြောမိပါဘူး
ဒီကဗျာရွာကဘယ်သူ့ကိုမှလည်း ကျွန်တော်ရန်မရှာပါဘူး
ကျွန်တော်ပြောလိုက်တာကလည်း စိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းပြောလိုက်ရုံသက်သက်ပါ သူတစ်ပါးကိုထိခိုက်စေလိုတဲ့စိတ် လုံးဝမရှိပါဘူး ။
With respect,
RAY
By: X - ray at Dec 19, 2012
Comment #10
မင်းတို့ကလဲ..အလှူအိမ်မှာဆုံတဲ့ ဘုရားလူကြီးတွေကြလို့ ငြင်းနေကြပြန်ပြီ။
By: kyawnainglin174 at Dec 20, 2012
Comment #11
ရည်ရွယ်သူကောင်မလေးသိစေဖို့ ဆု တောင်း ပေး ပါ တရ် ။
By: မာန်ခက်ဝင့် at Dec 23, 2012
Comment #12
>> မာန်ခက်ဝင့် …… ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ အစကတည်းက သိပြီးသားသူမို့ ကျနော်က foot note မရေးလည်း သူသိပါတယ်။ ကျနော်လည်း ဒီကဗျာ နောက်ဆုံးရေးခြင်းပါပဲ။
By: ChIr0N at Dec 24, 2012
Comment #13
အကိုချီရွန် ကဗျာအရမ်းကြိုက်လို့ ဖေ့ဘုတ်စ်ကို share လိုက်မယ်နော်
ခွင့်ပြုတယ်မလား မပြုလဲshare ပြီဗျာ
By: မိုက်ခဲ at Feb 11, 2013
Comment #14
ဟ ခွင့်တောင်းတာက နာမည်နဲ့ လိုက်လှပါလား ကိုမိုက်ခဲရဲ့။ ရပါတယ် ရှဲပါ။ လက်ခံပါတယ်။ ကျနော့် ဖေ့စ်ဘုတ်မှာလည်း တင်ထားပါတယ်။ ကြာပါပြီ ဒီကဗျာက။
By: ChIr0N at Feb 11, 2013




Comment #1
ခံစာချက်အပြည့်နဲ့ပဲ။ကြိုက်သွားပြီ။