Professional Authors

ခဏတာ … အချစ်သံစဉ်

ကောင်မလေးရယ် …
နယ်ကျွံတဲ့ ကတိတွေ အထပ်ထပ်ပေးတာ
နောက်ကျမှ သိခွင့်ရလေတော့
ဒါကို ( နောင်တ )လို့ ဆိုမလား …

သိရက်နဲ့ ဟန်ဆောင်နေခဲ့တာ
မင်းတစ်ယောက် မသိနိုင်ပေမယ့်
လမ်းခွဲရမယ့် နေ့ရက်တွေ
တစ်ချိန်ချိန် ရောက်လာမှာကို
စိုးရွံစွာ စောင့်ဆိုင်းနေခဲ့တာပါ . . .

ငါ့ရဲ့ မေတ္တာတရားအပေါ်
ခဏတာ ရင်ခုန်ပြီး
ကျီစားနေခဲ့ပေမယ့်
နှလုံးသားမှာ အမြဲတမ်း ရှင်သန်နေမှာပါကွယ် . . . ။

Zero Boyz
zero.boyz21@gmail

In: ကဗျာ Posted By: Date: Feb 8, 2012
Comment #1

don’t worry,,fri.
wit so tar le hmar,,nout ba wa ma ku bu,,
u’ll get what u give.
she’ll suffer what she did upon u.
wishing u be good luck very very soon.

commentinfo By: ei lay at Feb 8, 2012
Comment #2

အားပေးသွားပါတယ်နော်…….

commentinfo By: May Kha at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment