Professional Authors

ပြန်ပြောပြဖို့ ခက်နေတယ်

ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ ..
မဆုံချင်ဘူးဆိုတဲ့ အသိတွေက
ဆုံဆည်း ချင်တဲ့ နှလုံးသားကို
လွန်ဆန် မရတာ
ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး
ပြန်ပြောပြတော့ ခက်လိမ့်မယ်
ငါမင်းကို ဘယ်လောက်ချစ်မိသွားလဲ
ဆိုတာ ..
မင်းအသက်ရှူသံလေးက အစ
ငါတယောက်တည်း ကြားခွင့်ရချင်နေတာ
ငါ့ကို ခွဲသွားမှာလား ?
စိုးရိမ်စိတ်တွေ နဲ့ ဖြတ်သန်းနေခဲ့တာ
အအိပ်ခက်တဲ့ ညပေါင်းများစွာ ..
ခေါင်းအုံးလေးတော့ သိမှာပါ ..
ဘယ်အရာမှ မရေရာဘူးဆိုတဲ့
လောက ကြီးမှာ မင်းကို ချစ်တာတော့
သေချာသွားတယ် ..
ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Jul 9, 2010
Comment #1

ကောင်းတယ်ကွာ

ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..
အလွမ်းစက်ကွင်းထဲက
ရုန်းထွက်ဖို့ ကြိုးစားလေ
မင်းအပြုံးတွေ ချည်နှောင်ထားလေပဲ ..

commentinfo By: chocolate at Aug 4, 2010
Comment #2

ကဗျာလေး လာဖတ်ပီး အားပေးသွားတာကျေးဇူးတင်ပါတယ်

commentinfo By: lwanhlainge at Aug 4, 2010
Comment #3

ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !
အဲ.နေရာလေးကြိုက်လို. copy လုပ်သွားပါတယ်
အိပ်မက်ထဲပြောပြဖို.အခွင်.ရေးလေးရရင်ကောင်းမယ်နော်

commentinfo By: moe at Oct 8, 2010
Comment #4

ဟုတ်ကဲ့ ရပါတယ် အားပေးတာ ကျေးဇူးတင်ပါတယ်

commentinfo By: lwanhlainge at Nov 13, 2010
Comment #5

Good !

commentinfo By: thuthu at Dec 25, 2010
Comment #6

သဘောကျတယ်ဗျာ…စကားလုံးသုံးသွားပုံတွေလှတယ်…လေးစားတယ်ဗျို့ 

commentinfo By: E-than at Jan 19, 2011
Comment #7

Fri thu thu & E-than thz for ur comment

commentinfo By: lwanhlainge at Jun 14, 2011
Comment #8

လောက ကြီးမှာ မင်းကို ချစ်တာတော့
သေချာသွားတယ် ..
ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !

commentinfo By: အသဲကွဲမိုး at Jul 14, 2011
Comment #9

ခဏခဏ ပြုံးမပြပါနဲ့လား
အခါခါ ရင်ခုန်မှု အောက်မှာ
ငါရုန်းမရနိုင်တော့ဘူး ..

ပြောခွင့်မရတော့ရင်တောင်
မင်းအိပ်မက်ထဲ လာလာပြောပြမယ်
မင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပေးပါ
ချစ်သူရယ် .. !

ကြိုက်သွားပြီးဗျာ

commentinfo By: k nge lay at Sep 13, 2011
Comment #10

ရွှေကြယ်မိုးမှ အားပေးသွားပါသည်။

commentinfo By: yaewintaung at Dec 2, 2011
Comment #11

ဟူး……….ရူးတယ်
လူတွေက တစ်မျိုးမဟုတ်တစ်မျိုးတော့ ရူးနေကြတာဘဲဗျ နော်
ကဗျာက အရေးအဖွဲ့တော်တော်လေးချစ်ဖို့ကောင်းတယ်ဗျ
ဖတ်သွားတယ်ဗျို့ ။

commentinfo By: X - ray at Feb 8, 2012
Comment #12

wowwwwwwwwwwwwwwww
yaeeeeeeeeeeeeeeeeeeee
1 ke so a yan kaung hmar pe,

commentinfo By: ei lay at Feb 8, 2012
Comment #13

so much like that read again.

commentinfo By: ei lay at Jun 9, 2012
Comment #14

ပြန်ပြောပြဖို့ခက်နေတယ်
ကြိုက်လို့အားပေးသွားတယ်

commentinfo By: Aung gyi at May 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment