Professional Authors

အရိုးဆုံးတေး (နေမျိုး)

ငါတို့အချစ်တွေကို
အဓိပ္ပယ်ဖွင့်ဖို့မလို

ငါတို့ဒုက္ခတွေကို
ပြောပြနေဖို့မလို

ငါတို့ကမ္ဘာကို
ရွှေ့ပစ်ဖို့မလို

ငါတို့ချုပ်ရိုးတွေကို
ကွယ်ဝှက်ဖို့မလို

ငါတို့တေးတွေကို သီမြဲသီစို့
ငါတို့အိပ်မက်တွေကို မက်မြဲမက်စို့

ငါတို့…

ငါတို့ဆိုတာ မင်းနဲ့ငါတို့
ငါနဲ့မင်းတို့။

နေမျိုး
ရနံ့သစ်- မတ်- ၂၀၀၀

Leave Comments

Name*

Email*
Website
Email me whenever there is new comment