Professional Authors

အကာအကွယ်မဲ့

တရံသောခါက
မဲသော အသားရေပိုင်သောသူက
သုတ်ဆေးတစ်ပုံးလက် ထဲကိုင်လျက်ပေါ့
ဒီတော့ကျွန်တော် အကောင်’သံယောဇဉ်’ ဆိုတဲ့
ငနဲ မောင်ကလဲ ဘယ်ခေလိမ့်မလဲ
ဖြဲတော့တာပေါ့
“ဘာလာလုပ်တာလဲ” တဲ့
ဟိုအကောင်ကတော့ခပ်တည်တည်
“မင်းတို့နေရာဌာနေကို
အရောင်ပြောင်းမလို့” တဲ့။
ကျွန်တော်အကောင်ကဆက်ပြောတယ်
“ငါ့နာမည်က သံယောဇဉ် ဒီမှာနေတာကြာပေါ့
ဘယ်လိုကောင် က၀င်မင်းကို ၀င်ခွင့်ပေးလိုက်တာလဲကွ”
ဒီအခါဒင်းကရယ်တယ် ပြီးတော့
“ကဲကဲ ငါရှင်းပြမယ်
ငါ့ကို မင်းနဲ့ အတူနေတဲ့
‘အချစ်’ဆိုတဲ့ကောင်က
ဝင်ခိုင်းတာကွ ပြီးတော့
 မင်းတို့ကို ‘ဥပက္ခာ’ တို့လာဖမ်းလိမ့်မယ်
ပုဒ်မ ကတော့ ‘၁၅၀၀’ တဲ့
 ‘မေတ္တာ’ပေါ့ကွာ
လူရွှင်တော် မဟုတ်ဘူးနော်
ငါမင်းတို့နေတဲ့’ နှလုံးအိမ်’ကို
အမဲရောင်ဆိုးရအုံးမယ်
ချိတ်ပါပိတ်ရအုံးမှာကွ”
” အော် မှတ်ထားအုံးနော် ငါ့နာမည်က….. ‘အမုန်း’..”

In: ကဗျာ Posted By: Date: Aug 26, 2010
Comment #1

ဆန်းတယ်…..
i like

commentinfo By: anatyong at Aug 26, 2010
Comment #2

ကြိတ်ထားကွ သားကြီးရေ။ တစ်နေ့နေ့တော့ ငါလည်းလာခဲ့မယ်။

commentinfo By: NINE at Aug 26, 2010
Comment #3

ကြိုက်လို.ကူးသွားပြီရှင်.. 😀

commentinfo By: Shwe Ngar at Aug 26, 2010
Comment #4

oh,,god,,
so nice,
really excellent.
so intelligent & professional writing.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment