Professional Authors

အဖြူထည် သတိရမှု

တိမ်ကင်းစင်တဲ့ညက
လမင်းကို သတိရသလိုမျိုး
နင့်ကို…ရင်ဖွင့်ပြီးကြိုနေခဲ့တာ ။

အဲဒါနဲ့ပဲ
ပန်းတွေတစ်တောလုံးပွင့်ခဲ့တယ်
ငါ့မှာတော့…..ကြွေလို့  ။

ဒီနေ့မှာ နင့်ကိုငါလွမ်းတယ်ဆိုတာကို
မနက်ဖြန်ကသာသိခဲ့ရင်
နောက်ဆုတ်သွားမယ်ထင်ပါရဲ့လို့
ကောင်းကင်ပြာက ပြောပြတယ်  ၊

ဒီလိုနဲ့
သက်တံတွေ ကွေးညွတ်သွားကြတယ်
ငါ့မှာတော့……
နင့်အတွက် တစ်ရောင်တည်းရယ် ။  ။

In: ကဗျာ Posted By: Date: Mar 9, 2011
Comment #1

ဒီနေ့မှာ နင့်ကိုငါလွမ်းတယ်ဆိုတာကို
မနက်ဖြန်ကသာသိခဲ့ရင်
နောက်ဆုတ်သွားမယ်ထင်ပါရဲ့

commentinfo By: တာတီးပိုး at Mar 10, 2011
Comment #2

မိုက်တယ်….အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment