Professional Authors

မျက်နှာဖုံးများနဲ့ည

ညရဲ့ သဘင်ဟာ
အမှောင်မှာ ကခုန်နေတယ်။
အမဲရောင် လမ်းမထက်ကို
အပြေးအလွှားခုန်ဆင်းနေတဲ့
မိုးစက်တွေက
သူတို့ ပင်လယ်နားအထိ သွားမလို့တဲ့။
ငါ့ နှလုံးသားက
မျက်နှာဖုံးတွေနဲ့ ငြိနေတော့
တေးသွားနဲ့ မစီးမျော
ရွက်လွှင့်ဖို့လည်း မတတ်နိုင်
ခပ်ယိုင်ယိုင် ပြိုလဲ
အေးချမ်းမှုနဲ့
စီးမြောမှုတွေကို
နှုတ်ဆက်လိုက်ရတယ်။

In: ကဗျာ Posted By: Date: Sep 27, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment