Professional Authors

အချစ်​​ရေ..လို့…

အချစ်​ နင်​ဘယ်​မှာလဲ
သစ်​ရွက်​​လေး​တွေ​နောက်​မှာလား
တိမ်​ပြာ​တွေရဲ့ကြားမှာလား
ဟိုး အနက်​ရှိုင်းဆုံး
သမုဒ္ဒရာ​ရေပြင်​​အောက်​မှာလား
လေညင်းက​လေးတိုက်​တုန်း
နင်​ထွက်​​ပြေးသွားတာ..
အ​ဝေးကြီးလဲမဟုတ်​ပဲ
အနားမှာရှိ​​​နေပေမယ့်
ပုန်း​နေ​တော့ ဘယ်​ရှာလို့​တွေ့မှာလဲ

နင့်​ရယ်​သံ​လေးကြားလို့လိုက်​ရှာမိတဲ့အခါ
ဆည်းလည်း​လေး​တွေမြည်​တာပါတဲ့
နင့်​​ခြေသံ​လေးကြားလို့​မော့ကြည့်​မိတဲ့အခါ
ရွက်​​ခြောက်​​လေး​တွေ​ကြွေတာပါတဲ့
နင့်​ရနံ့​လေး​မွှေးလို့နမ်းရှိုက်​မိတဲ့အခါ
ပန်းက​လေးက သူပွင့်​လာတာပါတဲ့

အချစ်​​ရေ..
အချစ်​​ရေ..လို့..
ကြည်​နူးတဲ့စိတ်​နဲ့ တမ်းတတဲ့အခါ
အလွမ်း​တွေ..
အလွမ်း​တွေပဲ..လို့..
ငါ့ရင်​ထဲမှာစိမ့်​လို့အိုင်​လို့​လေ
နင်​မရှိ​တော့ငါ့မှာကမ္ဘာမရှိ​တော့ဘူး
အာကာသထဲကကြယ်​တံခွန်​လို
ဦးတည်​ရာမဲ့​ပြေးလွှားရင်းနဲ့
နင့်​ကမ္ဘာနားမ​တော်​တဆ​ရောက်​တဲ့အခါ
အချစ်​​ရေ…
အချစ်​​ရေ..လို့…
ငါ​ခေါ်တာနင်​ကြားရမှာပါ…။

In: ကဗျာ Posted By: Date: Aug 31, 2014
Comment #1

မိခိုင်​​ရေ…လို့…

commentinfo By: kgyi at Sep 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment