Professional Authors

တိမ်တွေ ညိုတဲ့ ခဏ

လမင်းရဲ့ နတ်ခတ်သံကြားလို့
အလင်းရောင်က ပြူးပြဲရောက်လာတယ်..။
ခိုနားမိရာ မြေကြီးပေါ်က လူရောင်စုံကြားမှာ
နေရတာ အသက်ရှုကြပ်လိုက်တာ မေမေရယ်…
အသက်ရွယ်ရောက်လို့ ကျောင်းတော်ကြီးကလည်း ထွက်ခဲ့ပြီးပါပြီ
အခုထိ လမ်းခွဆုံမှာ ရပ်နားနေမိတုန်းဘဲ မေမေ..
နောက်ပြန်လှည့်ရမှာလား…….
လူတွေ သွားနေကြ လမ်းမကြီးအတိုင်းတော့ မသွားချင်ဘူး မေမေ….။   ။

In: ကဗျာ Posted By: Date: May 1, 2011
Comment #1

သွားနေကြလမ်းအတိုင်းမသွားချင်ရင် လမ်းသစ်ဖောက်သွားး
ဒါပေမဲ့ လမ်းဆုံမှာတော့ရပ်မနေနဲ့ နောက်လူတွေကျော်တက်သွားလိမ့်မယ် 🙂
ရပ်တာကြာရင်လဲ ပြန်နိုးရခက်သွားလိမ့်မယ် 😀

commentinfo By: နတ်သမီး at Aug 16, 2011
Comment #2

ကိုဖိုးနမ်းရေ ..အတင်းမတုတ်ရတာကြာပီနော် … အားပေးသွားပါတယ်အကို .. 😛

commentinfo By: chityellusoelay at Aug 16, 2011
Comment #3

ဒီကဗျာလေး ခုမှဖတ်ဖြစ်တယ် ကိုဖိုးနမ်းရေ
ကဗျာကောင်းတစ်ပုဒ်ဘဲ အားပေးသွားတယ် ။

commentinfo By: X - ray at Aug 31, 2011
Comment #4

ကျေးဇူးဘဲ X – ray ရေ..အလုပ်တွေများနေတာနဲ့ ဒီဘက်တောင် မရောက်ဖြစ်တာကြာပြီ

commentinfo By: ဖိုးနမ်း at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment