Professional Authors

စိတ်အတွက် သင်ထောက်ကူ

စိတ်အတွက် သင်ထောက်ကူ
++++++++++++++++++++++

ဘောပွဲ သရေ. အချစ်မှာ တွေ..
ပြိုင်ကာ ယှဉ်၍ ငိုချင်မိသည်.
ဂိုးသွင်းမလှ.. ဖုန်းဆက်မရ.
တော်ပြီ အအိပ်၊အစားပဲ အငှားလိုက်မည်…။

အကွက်မပေါ်….စိတ်တော်ကမပျော်
ရင်တွေကွဲမတတ် ရူးမိပေသည်
မခေါ်လေဘဲ .. ကောက်နေသည်က…
တောက်ခေါက်သံ..ပဲ့တင်ထပ်မျှ…..။

ဂိုးပေါက်ရောက်ကာ… ချော်ထွက်လာသည်
နှလုံးခုန်သံ တောင်မြောက်ပြေးလျက်…
အပြုံးမရောက်တာ.. အတော်လေးကြာပြီ
86400 စက္ကန့် …ဝေးခဲ့…။

လိုအပ်နေပြီ နည်းပြနောက်တစ်ယောက်..
ပုံအပ်လိုက်သည်… မင်းက နောက်ဆုံးတစ်ယောက်
ဝယ်ခဲ့ပေးပါ… ငါ့စိတ်အတွက်
စောင့်စားရင်းသာ…မျှော်လင့်လျက်…။

စိတ်ကောက်ပြေဖို့ သင်ထောက်ကူလိုတဲ့
………………….ကိုဇေ……..

In: ကဗျာ Posted By: Date: Aug 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment