Professional Authors

အနီးအဝေး – မောင်စိန်ဝင်း (ပုတီးကုန်း)

ဟိုဝေးဝေးက၊ ရေးရေးသာမြင်
ပျပျထင်သည်၊ တောင်စဉ်တောတန်း
နှင်းမြူလွှမ်း..

တောင်တန်းရီပြာ၊ မြူဆိုင်းကာနှင့်
ပဝါတိမ်စ၊ ရစ်သိုင်းကျလျက်
အလှဟုမြင်၊ စိတ်၌ထင်သည်
ဝန်းကျင်သာယာ လှတယ်ကို။

တောင်ခြေကိုသွား၊ တောင်နားမှာကြည့်
တွေ့မြင်မိသည်၊ ဆူးပြည့်နွယ်ပေါ
ခရောင်းတောနှင့်၊ သစ်တောချုံဖုတ်
ခလုတ်ကန်သင်း၊ အတက်ဆင်းတွေ
ကျောက်ရင်းကျောက်ခက်၊
ကျောက်တက်ကျောက်ဆွယ်
အသွယ်သွယ်တွေ၊ တွေ့ရလေမှ
တောင်ခြေရိုးမ၊ စိမ်းမြမြ၏
ဘဝသရုပ် ပေါ်တော့သည်။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment