Professional Authors

တောင်ခြေရွာ (မြင့်မိုးအောင်)

တောင်ကုန်းမြင့် တစ်ခုပေါ်ကနေ မြင်လိုက်ရ
ဟိုးအဝေးက တောင်ခြေရွာ။

အိမ်တချို့ရဲ့ခေါင်မိုးတွေ ဆီကနေ
မီးခိုးငွေ့တချို့လွင့်တက်လာ
အဲဒီမှာ လောင်ကျွမ်းနေကြတာ
သူတို့ရဲ့ နှလုံးသားတွေ မဟုတ်ဘူးထင်ပါရဲ့ ။

တောင်ခြေအိမ်ရဲ့  အနောက်ဘက်မှာ
စမ်းချောင်းတစ်ခု တွေ့လိုက်ရ
အဲဒီမှာ စီးဆင်းနေကြတာ
သူတို့ရဲ့  မျက်ရည်စတွေ မဟုတ်ဘူးထင်ပါရဲ့ ။

စမ်းချောင်းလေးရဲ့ အထဲကို
လူတချို့ ပစ်ချလိုက်ကြ
ဖာထေးရာ တချို့နဲ့ သူတို့ရဲ့ ပိုက်ကွန်တွေ
အဲဒီမှာ သူတို့ ဆယ်ယူနေကြတာ
တစ်ခါတုန်းက နစ်မြုပ်သွားခဲ့တဲ့
သူတို့ရဲ့  အိပ်မက်တွေ မဟုတ်ဘူးထင်ပါရဲ့ ။            ။

မြင့်မိုးအောင်

Credit: http://www.manorhary.net/

Comment #1

ကဗျာကောင်းလေး ဖတ်ရတာ ကျေးဇူးပါ ဖြိုးဖြိုး

commentinfo By: မေပျို at Nov 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment