Professional Authors

…တစ်ခန်းရပ်…

ဇာတ်သိမ်းမကောင်းတဲ့
နေ၀င်ချိန်အကြောင်း လက်တွေ့ ပြမယ်…။

တစ်ခန်းရပ်နေတဲ့ ပြဇာတ်တစ်ပုဒ်အတွက်
ဗီလိန်နေရာဟာ ရှားပါးနေခဲ့တယ်…။

မိုက်မဲမှုနဲ့  ရှေ့ဆက်တဲ့
ပြန်မလာတော့မယ့် အတိတ်အချို့ ကို
ငါ အပြစ်တင်ခဲ့တယ်…။

ပျော်ရွင်စရာတဲ့
ကောင်မလေးရေ…
ငါ့ကို တစ်ခါသာ ရယ်ခွင့်ပြုပါ ။
အပြုံးတွေ ဆိတ်သုဉ်းသွားပြီ ၊
အမုန်းတွေသာ နိဒါန်းမှာ နေရာယူခဲ့ပြီ…။

#ဝေဟင်လုလင်

In: ကဗျာ Posted By: Date: Aug 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment