Professional Authors

ဗျတ်စောင်းဘာသာဗေဒ (တာရာမင်းဝေ)

လခြမ်းအဝါကိုမြင်လို့
ကောင်းကင်ကိုမမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူတစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကိုဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။

တာရာမင်းဝေ

(မိုးခေါင်လို့တီးတဲ့ဗုံသံ)

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

ကောင်မလေးရေ
ငါ့ရဲ့အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

commentinfo By: phoesi at Jan 27, 2011
Comment #2

လခြမ်းအဝါကိုမြင်လို့
ကောင်းကင်ကိုမမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

commentinfo By: အသဲကွဲမိုး at Feb 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment