Professional Authors

တစ်ခန်းရပ်ပြဇာတ်ရဲ့ အလွမ်းခန်း

စိတ်ကူးယဉ်ကမ္ဘာ၏ နိဂုံးလား။ရင်ကွဲနာကျ နေ့ရက်များစွာ၏နိဒါန်းလား။

ပုံအပ်လာသော နူးညံ့နယ်မြေကို မတို့ရက် မထိရက်။မျက်ဝန်းလေးကို ချော့သိပ်ခဲ့ရင်း။

…….Paradise Hotel ရဲ့ အခန်း 201 မှာ ညီမလေးရှိနေပါတယ်….။မှားသလား။မှန်သလား။ တရေးမနိုးခင်။

တိတ်တဆိတ် ထွက်ခွာခဲ့ရင်း။ကမ္ဘာမြေပေါ် မိုးစက်မိုးပေါက်များ ကျကွဲသံများနှင့်အတူ။အဖော်မဲ့ အခန်းကျဉ်းထဲ။

ကဗျာတွေနဲ့ မိမိဒဏ်ရာကို ပွတ်သပ်နေရင်း။စိတ်မကျန်းမာသူ တစ်ယောက်လို။ပြတင်းပေါက်မှန်မှာ

နှင်းမှုန်တွေ လာမှန်တာ။နွေမှာ သစ်ရွက်ကလေးတွေကြွေတာက အစ။တမေ့တမော ငေးမောနေရင်း။

လွမ်းဆွတ်ခြင်းမှာ ဓာတ်ပုံလေး ထုတ်ကြည့်နေရုံနဲ့။မမြင်ရတဲ့ သံယောဇဉ်ဟာလည်းထင်တာထက်ပိုပြီး။

onlineတက်တိုင်း။စိမ်းလန်းစိုပြေနား ရောက်တိုင်း။သမ္မ္မ္မတရုပ်ရှင်ရုံရှေ့ ဖြတ်သွားတိုင်း။

စာမျက်နှာ ၁၅ စာသားတွေက ရင်ကို လာလာမှန်။ဘာများတတ်နိုင်မှာလဲ။လက်တွေ့ဘ၀ရဲ့ ချစ်ခြင်းဆိုတာ

ကန္တာရဆူးပင်မှာ တွဲလဲခိုနေတဲ့ နှင်းရည်တစ်စက်သာဖြစ်ကြောင်း။မိမိရဲ့ နံရိုးတစ်ချောင်း ပြန်မ၀ယ်နိုင်သူမှာ။

နေ့စွဲများ။အမှတ်တရ ချစ်သက်လက်ဆောင်များ။ဖုန်းနံပါတ်များ။အနမ်းများ။အရာအားလုံး ရှင်သန်ထမြောက်ခွင့်

မရှိ။အတိတ်ကို သော့ခတ်သတ်ဖို့ရာ။အဲဒီ အညတရ လူငယ်ကဗျာဆရာတစ်ယောက်ရဲ့ ရင်ဘတ်က သေးလွန်းတယ်လေ။

In: ဝတ္ထု Posted By: Date: Aug 20, 2010
Comment #1

စာမျက်နှာ ၁၅ စာသားတွေက ရင်ကို လာလာမှန်။ဘာများတတ်နိုင်မှာလဲ။လက်တွေ့ဘ၀ရဲ့ ချစ်ခြင်းဆိုတာ

ကန္တာရဆူးပင်မှာ တွဲလဲခိုနေတဲ့ နှင်းရည်တစ်စက်သာဖြစ်ကြောင်း။မိမိရဲ့ နံရိုးတစ်ချောင်း ပြန်မ၀ယ်နိုင်သူမှာ။

နေ့စွဲများ။အမှတ်တရ ချစ်သက်လက်ဆောင်များ။ဖုန်းနံပါတ်များ။အနမ်းများ။အရာအားလုံး ရှင်သန်ထမြောက်ခွင့်

မရှိ။အတိတ်ကို သော့ခတ်သတ်ဖို့ရာ။အဲဒီ အညတရ လူငယ်ကဗျာဆရာတစ်ယောက်ရဲ့ ရင်ဘတ်က သေးလွန်းတယ်လေ။
…………………..
ဒီလောက်ရေးတတ်နေရဲ့နဲ့များဗျာ..

commentinfo By: အသဲကွဲမိုး at Sep 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment