Professional Authors

အချစ်​ဆုံးသို့…​နောက်​ဆုံး

ဘယ်​နှကြိမ်​မှန်းမသိခဲ့
နင့်​အပြုံးတု​တွေနဲ့
ဒီလိုအိပ်​မက်​ဆိုး​တွေ….

ငါ့နှလုံးသားကနာ​ပေမယ့်​…
နင့်​အ​တွေး​တွေနဲ့​ဘောင်​ခတ်​ထားလို့
ပြေးထွက်​လို့မရဘူးအသဲရယ်..

နင်​အမျှ​ဝေတာကြားပါတယ်
ဒီနားကမကြားချင်​​ယောင်​ဆောင်​​နေ​တော့
ငါသာဓုမ​ခေါ်နိုင်​ဘူးအသက်​ရဲ့

အမြန်​သာ​ပြေးလိုက်​​တော့
အ​ဝေးဆုံးရဲ့အပြင်​ဖက်​​ရောက်​​အောင်
ငါကုံးပိုးပြီးလိုက်​ပို့မယ်

နင်​ထင်​တဲ့အစစ်​အမှန်​ဆိုတာက
တံလျှပ်​​တွေဆိုတာမှန်း
ကြာကြာဝါးမိမှသိပါလိမ့်​မယ်

အချစ်ကိုန​င်​မသိဘူး
သံ​ယောဇဉ်​ကိုနင်​နားမလည်​ဘူး
နင့်​ရင်​ဘတ်​ထဲမှာလဲဘာမှမရှိဘူး

ကြေးစည်​သံကြားရတဲ့အခါ
နင်​​သေချာပြုံးလို့ရပြီ​ပေါ့
ငါမရှိ​တော့တာ​ပျော်​စရာကြီး​လေ

ဒီမှာအချစ်​ရဲ့..
ဘ၀ဆိုတာက​ရေပွက်​ပါ
ပျော်​ရွှင်​မှုကခဏတာမို့
ဝေဒနာလမ်းစကို​ရောက်​တဲ့အခါ
နင်​ငါ့ကိုသတိရမှာပါ…..။

In: ကဗျာ Posted By: Date: Aug 22, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment