Professional Authors

ပျောက်​ဆုံးခြင်း

ကောင်းကင်​ကို​မော့ကြည့်​မိ
ကြယ်​က​လေး​တွေကိုမြင်​တယ်
နင်​အိပ်​​ပျော်​​နေမှာပဲ
ငြိမ်းချမ်းပါ​စေချစ်​သူရယ်​…
.
ညက​အေးတယ်
ငါ့အ​တွေး​တွေအ​ဝေး​ပြေးလို့
နင့်​ကိုဘယ်​သူ​စောင်​ခြုံ​ပေးမှာလဲ
ငါလာပြီးဖက်​ထား​ပေးချင်​ပါတယ်
.
မှိတ်​တုတ်​လက်​တဲ့ကြယ်​က​လေး​တွေ
နင့်​အတွက်​​တေးဆို​နေကြတယ်
အ​ဝေး​ရောက်​​နေတဲ့နင်​တစ်​​ယောက်
အိပ်​မက်​ထဲမှာ​မွှေးပါ​စေလို့…
.
ဟိုး…​ဝေး​ဝေးကတုန်​ခါသံ​တွေ
ငါ့အလွမ်းကိုအားဖြည့်​​​​နေကြတယ်
အ​မှောင်​ဆုံးညရဲ့တဖက်​ခြမ်းမှာ
လျှောက်​စရာလမ်း…ရှိ​ပါသေးရဲ့လား
.
ငါမ​သေချာ​တော့ဘူး
ကြယ်​​တွေစုံတဲ့​ကောင်းကင်​​ထက်​မှာ
ငါ့ရဲ့ကြယ်​က​လေး​ပျောက်​ဆုံးပြီ
ကျောပိုးအိတ်​တစ်​လုံးလွယ်​ရင်းနဲ့
အ​မှောင်​ကမ္ဘာရဲ့လမ်းကိုဖြတ်​သန်းရင်း
မတ်​တတ်​ရပ်​လို့ငိုမိတယ်​….
In: ကဗျာ Posted By: Date: Nov 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment