Professional Authors

လရောင်ဝေး

လရောင်
ငွေရောင်အလင်းတန်းတွေနဲ့ ညှို့
ကိုယ့်ကို ခေါ်ဆောင်သွားပါလား
သူထားရက်ခဲ့တဲ့ နေ့တွေမှာ
ကိုယ်မှ မပျော်ရွှင်နိုင်တာ။

ပြောစရာစကားကို
ရင်မှာ မမြိုသိပ်နိုင်လို့
ကြယ်တွေဆီ စကားဆို
ငိုနေမိတယ်၊

ကိုယ်တိုင်တောင်
မကြားနိုင်လောက်အောင်
ရင်ခုန်သံ တိုးတိုးသွား
အသက်ရှူများတောင်
ရပ်တန့်သွားတော့မယ်။

လှည့်ကြည့်ပါဦး
အချစ်ရယ်…။
မဆိုသာလို့..
ဒီည… ကိုယ်
လဝန်းဆီ ခရီးဆက်
ထွက်သွားတော့မယ်။

မင်းရှိတဲ့
ကမ္ဘာမြေပြင်မှာ..
ကိုယ့်အတွက်
နေစရာမလိုအောင်
အထီးကျန်လွန်း
ဒီအလွမ်းဒဏ်ကို
ကိုယ်ခံနိုင်ရည်
မရှိလို့ပါ
တို့ဝေးခဲ့ပါပေါ့
အချစ်ရယ်။

In: ကဗျာ Posted By: Date: Aug 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment