Professional Authors

နောက်ဘ၀ကူးတဲ့အထိနင့်ကိုချစ်တယ်

နေနဲ့ လကိုမမြင်ချင်ယောင်ဆောင်တဲ့မျက်လုံးတွေက
ကျွန်တော့်ရဲ့ တောက်ပမှုတွေကို အကဲဖြတ်ဖို့ ရောက်လာကြတယ်
မမြင်အောင်ကြည့် မသိအောင်ချစ် မကြားအောင်ပြော
ကျွန်တော့်အလွမ်းတောထဲ ပန်းတွေတသောသောပွင့်နေကြလေရဲ့
အမှတ်တမဲ့ ထထခုန်တဲ့ရင်ခုန်သံ
ညအသေတွေထဲ တဖျတ်ဖျတ်လွန့် လူး
(နောက်ဘ၀ကူးတဲ့အထိနင့်ကိုချစ်တယ်………..)
လှောင်ရယ်သံအဆုံးမှာ မာနတွေတ၀ုန်းဝုန်းပြိုကျ
ကြေကွဲသွားတယ်ဆိုတာ ကွဲကြေသွားတာနဲ့ ဘာထူးသေးလို့ လဲ
(အသည်းကွဲတယ်ဆိုတာ ရှတတလေးတော့ခံစားရတယ်ဗျ……..)
ကျွန်တော်ပျိုးခဲ့တဲ့ကြယ်ရောင်ပန်းလေးတွေ မလန်းသေးပါဘူး
(ဒီဥယျာဉ်တော်ထဲမှာ……..)
အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့နှလုံးသား
တကယ်ပဲရှိခဲ့ပါတယ်ဗျာ…………………….
………………………………………………………။ ။

(ကျွန်တော့်ကိုအရမ်းမုန်းခဲ့တဲ့ ကျွန်တော်အရမ်းချစ်ခဲ့တဲ့ကောင်မလေးအတွက်………)

In: ကဗျာ Posted By: Date: Jul 28, 2014
Comment #1

Kan Pot Hel. Naut ba wa a hti tot ma tel twar par ne. Ta yar ne phay par. 😀

commentinfo By: Burger's friend at Aug 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment