Professional Authors

ကျွန်တော့်မြေမှာ – မောင်စိန်ဝင်း(ပုတီးကုန်း)

ပန်းပွင့်ကို ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ထုံနံ့သာ ငုံကာဖူးခါမှ၊
လက်ဦးသူ .. ချိုး။

အသီးကို ကျွန်တော်မင်၊
အပင်ကို ကျွန်တော်ပျိုး။
သီးကင်းငုံ ပေါ်ကာထွက်ခါမှ၊
လက်ဦးသူ .. ခိုး။

ပန်းအလှ ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့၊
ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်၊
အချိုပင် ကျွန်တော်ပျိုး။
သီးချိန်တန် တမာပျားလို၊
ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်၊
ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု၊
ကံနည်းသူ ကျွန်တော်မို့၊
တော်သလိုပွင့်၊
သင့်သလိုဖူး၊
လက်ဦးသူ ချိုးချိုး၊
မြတ်နိုးသူ ပန်ပန်၊
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့၊
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့၊
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်၊
ရင်ထိတ်တကား။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Comment #1

ပန်းအလှ ကျနော်မင်…
ပန်းပင်ကို ကျနော်ပျိုး…
မျှော်လင့်ချက်နဲ့ကိုး….

အချိုသီး ကျနော်မင်…
အချိုပင် ကျနော်ပျိုး…
မျှော်လင့်ချက်ထားတာကိုး…ကွယ်…း)

commentinfo By: မှုံရွှေရည် at Jun 30, 2010
Comment #2

မမျှော်ရဲပြီဘု၊
ကံနည်းသူ ကျွန်တော်မို့၊
တော်သလိုပွင့်၊
သင့်သလိုဖူး၊
လက်ဦးသူ ချိုးချိုး၊
မြတ်နိုးသူ ပန်ပန်၊
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့၊
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့၊
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်၊
ရင်ထိတ်တကား။ ။

commentinfo By: May Kha at Dec 16, 2011
Comment #3

ဆရာကဗျာလေးကို အရမ်းကြိုက်လို့ Facebook မှာ တင်ခွင့်ပြုပါဆရာ…

commentinfo By: Thin Zar Kywe at Dec 7, 2012
Comment #4

ကောင်းလိုက်တဲ့ စကားလုံးတွေ…..။။။

commentinfo By: နွေ at Oct 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment