Professional Authors

ရင်ခွင်ဝှက်တမ်းကစားနည်း

ရင်ခွင်ဝှက်တမ်း ကစားနည်း
+++++++++++++++++++++


ကြယ်စင်နှင့်လမင်းက
တစ်ဖက်တစ်ချက်စီ နေရာယူ
ဘယ်ရောက်သွားလဲ ငါ့နှလုံးသားတစ်ခြမ်း
မြောက်ဖျားမှာ လေတွေတိုက်နေတယ်….
အမေရိကန်က ဒီကစားပွဲကို
မမျှတဘူးလို့ ဝေဖန်သုံးသပ်….။

ရေငွေ့လို စေတနာတွေ အငွေ့ပျံနေ
ဘာတွေမှန်းမသိ…၊
နှလုံးသားမှာ ကာလာစုံကဒ်တွေ ပြခံနေရ
သည်ကြားထဲ မတက်တခေါက် အပြုံးတွေက
လေးပင်စွာတန်းစီ…….။

ပင်နယ်တီတောင်မဝင်ဘဲနဲ့ ဆူညံစွာကခုန်
ဂျင်နီရေ… မေတ္တာရပ်ပါတယ်..
မုန်တိုင်းတပ်တွေ ထရိန်နင်မဆင်းပါစေနဲ့…
ပြောမရရင်တော့ ဖီဖာမှာ
ရင်ဘတ်အယူခံ ဝင်ကြမယ်…။

မက်ဆီ ကပြောတယ် မဆီမဆိုင်နဲ့
ဟုတ်တယ်… အဲဒိနေ့က သူမ
ဂျင်းဘောင်းဘီနဲ့ အနီရောင်ရှပ်အင်္ကျီနဲ့
သိပ်လိုက်တယ်လို့…..။



ကစားပွဲမှာ ဗျာများနေသူ
………ကိုဇေ…….

In: ကဗျာ Posted By: Date: Jul 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment